သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-19
အစိုးရရဲ့ မဟာဗျူဟာ မြောက်အောင် ကျင်းပသွားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။
2010-11-19
နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2010-11-19
အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ကျန်မာရေး ချို့တဲ့နေပေမဲ့ ဆေးကုသမှု ကောင်းကောင်းမရပဲ ဖြစ်နေတယ်လို့ သိရပါတယ်။
2010-11-19
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂရိနိုင်ငံ ဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရီယိုက ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လည်မှာ တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး၊ ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောဆိုကြောင်း သတင်းရရှိပါတယ်။
2010-11-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ယူထားတဲ့ HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး ဂေဟာကို စစ်အစိုးရ အာဏာပိုင်တွေက ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
2010-11-19
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေ အတူ ပူးတွဲ လုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2010-11-19
လုံခြုံရေးကောင်စီရဲ့အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး နိုဝင်ဘာ ၁၈ ရက် ကြာသပတေးနေ့က မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတရပ်ကို တံခါးပိတ် ကျင်းပခဲ့ပါတယ်။
2010-11-19
အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေ ဦးဆောင် ရေးသားပြုစုတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းကို နိုဝင်ဘာ ၁၈ ရက် မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၂၈ မဲ ကြားနေ ၆၀ မဲနဲ့ အတည်ပြုလိုက်ပါတယ်။
2010-11-19
အခုလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၈ ရက် မနေ့က ကိုယ်တိုင် တယ်လီဖုန်းဆက်ပြီး ၁၅ မိနစ်ကြာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
2010-11-18
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မဲ့ ပင်လုံညီလာခံ ခေါ်ယူကျင်းပရေး အစီအစဉ်ကို အပြည့်အဝ ထောက်ခံ အားပေးပြီး ပူးပေါင်း ဆောင်ရွက်လိုကြောင်းနဲ့ အောင်မြင်အောင် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုကြောင်း DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က နိုဝင်ဘာ ၁၈ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2010-11-18
စစ်အစိုးရရဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီတချို့ဟာ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ အဓိက အတိုက်အခံပါတီတွေအနေနဲ့ ရပ်တည်သွားနိုင်မဲ့ အနေထားရှိတယ်လို့ သိရပါတယ်။
2010-11-18
NLD ပါတီ တရားဝင် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး တရားရုံးကို တိုက်ရိုက် တင်ပြ တိုင်ကြားထားတဲ့ အမှုအတွက် NLD ပါတီရဲ့ ရှေ့နေတွေ နေပြည်တော် တရားရုံးချုပ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက လျှောက်လဲချက် တင်ခဲ့တယ်လို့ သိရပါတယ်။
2010-11-18
ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ် ၆၈ နှစ် အကျဉ်းကျခံနေရတဲ့ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် အလွန် ဝမ်းမြောက်မိကြောင်းနဲ့ သူ့အပေါ် စစ်အစိုးရက ညှဉ်းပန်း နှိပ်စက်ခဲ့တာတွေကို မေတ္တာဖြင့် ခွင့်လွှတ်ခဲ့ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိုသာ လုပ်ဆောင်ပေးဖို့ လိုလားကြောင်း နိုဝင်ဘာ ၁၇ ရက် မနေ့က ထောင်ဝင်စာတွေ့ခဲ့တဲ့ မယ်တော်နဲ့ အစ်မတော်တို့ကနေ တဆင့် မိန့်ကြားလိုက်ပါတယ်။
2010-11-18
၇ နှစ်ကြာ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးတာဟာ စစ်အစိုးရအနေနဲ့ သဘောထား ပျော့ပျောင်းလာတဲ့ လက္ခဏာ ပြသတာ မဟုတ်ဘူးလို့ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2010-11-18
မြန်မာ့အရေး တစိုက်စိုက်မတ်မတ် ဆောင်ရွက်လာတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ စစ်အစိုးရက လွှတ်ပေးလိုက်တာဟာ အပြုသဘောဆောင်ပေမဲ့ ဒါဟာ သောကတွေ ပတ်လည်ဝိုင်းနေတဲ့ နိုင်ငံအတွက် ပထမခြေလှမ်း အစမျှသာ ရှိသေးတယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။