စစ်အစိုးရ ပျော့ပျောင်းလာခြင်းမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၇ နှစ်ကြာ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးတာဟာ စစ်အစိုးရအနေနဲ့ သဘောထား ပျော့ပျောင်းလာတဲ့ လက္ခဏာ ပြသတာ မဟုတ်ဘူးလို့ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

2010.11.18
assk_media_305_z.png နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပြည်ပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး သူ့ကို နေအိမ် အကျယ်ချုပ်နဲ့ ထပ်မ ံဖမ်းဆီး ချုပ်နှောင်ခဲ့တာဟာ တရားဝင်မှု မရှိကြောင်း၊ အခုပြန်လွတ်လာတာဟာ လွတ်ရက်စေ့လို့သာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ NLD ရုံးချုပ်မှာ မနက် ၁၀ နာရီကတည်းက ညနေ ရုံးဆင်းချိန်အထိ နိုင်ငံတကာ သတင်းမီဒီယာတွေကို လက်ခံတွေ့ဆုံနေခဲ့တယ်လို့ NLD ပါတီ သတင်း ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးလွင်ရဲ့ ဇနီး ရက်လည်ဆွမ်းကျွေး သွားခဲ့ပြီးတဲ့နောက် တနေကုန် မီဒီယာနဲ့ NLD ရုံးမှာ တွေ့ဆုံနေခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ဝမ်းမြောက်ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Ban Ki-Moon က ဒီကနေ့ နေ့ခင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် အကျဉ်းချခံရတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာက စိတ်ဝင်စားမှု အများဆုံး ခံရသူတဦး ဖြစ်သလို၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ခေါင်းဆောင်တဦးအဖြစ်လည်း လေးစား အသိအမှတ်ပြု ခံထားရသူ ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာ သတင်းမီဒီယာတွေက ကိုယ်စားလှယ်တွေဟာ ဒီရက်ပိုင်းမှာ ရန်ကုန်မြို့ကို စုပြုံ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒီကနေ့ တနေ့တာအတွင်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တဲ့ သတင်းမီဒီယာ အဖွဲ့အစည်း စုစုပေါင်း ၁၄ ဖွဲ့ ရှိတယ်လို့ ပါတီပြောခွင့်ရသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-18 17:29

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးစိုးရိမ်မကင်း ဖြစ်မိ