တိုင်းရင်းသားပါတီအချို့ အဓိက အတိုက်အခံ ဖြစ်လာဖွယ်ရှိ

စစ်အစိုးရရဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီတချို့ဟာ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ အဓိက အတိုက်အခံပါတီတွေအနေနဲ့ ရပ်တည်သွားနိုင်မဲ့ အနေထားရှိတယ်လို့ သိရပါတယ်။

ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ်  သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) ((Photo: AFP))

0:00 / 0:00

ရွေးကောက်ပွဲဝင်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်အမတ် အများအပြား အနိုင်ရကြတဲ့ တိုင်းရင်းသားပါတီတွေဟာ သူတို့ တိုင်းရင်းသားဒေသတွေမှာ အသီးသီး အနိုင်ရပြီး ဒေသဖွံ့ဖြိုးရေး ၊ တိုင်းရင်းသား ရပိုင်ခွင့်တွေအတွက် လွှတ်တော် မူဘောင်ထဲကပဲ ဆက်လက်ကြိုးပမ်သွားမယ်လို့ ပြောကြပါတယ်။

အမတ် ၁၅၆ ဦး ဝင်ပြိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNDP) က အမျိုးသားလွှတ်တော် ၃ ဦး၊ ပြည်သူ့လွှတ်တော် ၁၈ ဦးနဲ့ ပြည်နယ်လွှတ်တော် ၃၆ ဦး စုစုပေါင်း ၅၇ ဦး အနိုင်ရတယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်၊

အမတ်ဦးရေ ၄၄ ဦး ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီကို ကြည့်ရင် ပြည်နယ်လွှတ်တော်မှာ ၁၈ ဦး၊ အမျိုးသားလွှတ်တော် ၇ ဦး နဲ့ ပြည်သူ့လွှတ်တော်မှာ ၁၀ ဦး၊ စုစုပေါင်း ၃၅ ဦး အရွေးချယ်ခံရတယ်လို့ သိရပါတယ်။

အမတ်ဦးရေ ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ကတော့ အမျိုးသားလွှတ်တော် ၄ ဦး ပြည်သူ့လွှတ်တော် ၃ ဦးနဲ့ မွန်ပြည်နယ်လွှတ်တော်အတွက် ၇ ဦး ၊ ကရင်ပြည်နယ်လွှတ်တော်အတွက် ၂ ဦး၊ စုစုပေါင်း ၁၆ ဦး အနိုင်ရခဲ့တာ တွေ့ရပါတယ်။

ဒီတိုင်းရင်းသားပါတီတွေ ဘယ်လို ဆက်လက် ရပ်တည်မလဲဆိုတာကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ် ။

စုစည်းတင်ပြချက်

အသံဖိုင်ယူရန်

တချိန်တည်းမှာလည်း ရွေးကောက်ပွဲမှာ မသမာမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သတိပေးချက်တရပ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေကို ပါတီတွေအနေနဲ့ ပြည်ပ သတင်းမီဒီယာတွေမှာ မပြောကြားပဲ ထုတ်ပြန်ထားတဲ့ နည်းဥပဒေတွေအရသာ ကော်မရှင်ကိုသာ တရားဝင် တိုင်တန်းရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ NLD အဖွဲ့အပါအဝင် ပုဂ္ဂလိက လွတ်လပ်တဲ့ အဖွဲ့တချို့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အစီရင်ခံချက်တွေပြုစုနေတာ ခုဆို အစီရင်ခံစာ မူကြမ်းအဆင့်တွေ ပြီးနေပြီလို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ RFA မှ ဗန်ကောက်မြို့ရောက် ဦိးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်