NLD ပါတီရပ်တည်ခွင့်အမှု နေပြည်တော်မှာ ကြားနာ

NLD ပါတီ တရားဝင် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး တရားရုံးကို တိုက်ရိုက် တင်ပြ တိုင်ကြားထားတဲ့ အမှုအတွက် NLD ပါတီရဲ့ ရှေ့နေတွေ နေပြည်တော် တရားရုံးချုပ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက လျှောက်လဲချက် တင်ခဲ့တယ်လို့ သိရပါတယ်။

0:00 / 0:00

ဒီကနေ့ မနက်၁၀နာရီက တရားရုံးမှာ လျှောက်လဲချက်မတင်ခင် တရားရုံးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း မညီတာကြောင့် NLD ပါတီက ကန့်ကွက်လွှာ အရင်တင်တယ်လို့ နေပြည်တော်ကို လိုက်ပါသွားတဲ့ NLD ပါတီ ရှေ့နေတဦးဖြစ်တဲ့ ဦးကျော်ဟိုးက ပြောပါတယ်။

ဒီကနေ့ လျှောက်လဲချက်ပေးရာမှာ NLD ပါတီဖက်ကပဲ ပေးရတာဖြစ်ပြီး တရားသူကြီး အဖြစ် တရားမရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ကြားနာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ တရားရုံးက လုပ်ကိုင်ပုံတွေဟာ ပုံမှန်မဟုတ်ပဲ အလျင်စလို နိုင်တာတွေ့ရတယ်လို့ ပြောပါတယ်။

ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်