သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-24
မြန်မာ့အရေး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို တင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အချိန်ဆွဲမနေဘဲ တင်ပြဖို့အချိန်တန်ပြီလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2019-10-24
စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် မြန်မာနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်နေပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2019-10-24
မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာက မူးယစ်ဆေးဖြတ် သမ္မာကျမ်းစာသင်တန်းကျောင်း စည်းကမ်းထိန်းသိမ်းရေးမှူးကို စကားပြောစက်တွေ့လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ အမှုဖွင့် ထားတာကိုအစိုးရအနေနဲ့ပွင့်လင်းမြင် သာစွာချပြပေးဖို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တောင်းဆိုလိုက်ပါတယ်။
2019-10-24
KNU နဲ့ မွန်ပြည်သစ်ပါတီကြား နှစ်ဘက်တပ်တွေနောက်ဆုတ်ဖို့ မနေ့ကသဘောတူပြီး ညနေပိုင်းမှာပဲ မွန်ပြည်နယ် ရေးမြို့နယ် ငါးကလေးချောင်းကျေးရွာမှာ ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး မွန်ပြည်သစ်ပါတီဘက်က တပ်သားတစ်ဦး ကျဆုံးခဲ့ပါတယ်။
2019-10-24
ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံရသူ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်တို့ဘက်က တရားရုံးထံ တင်ပြရာမှာ ဥပဒေနဲ့ မညီတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ တိုင်ချက်မှာ ပါဝင်ပါတယ်။
2019-10-24
ကျောင်းသူကျောင်းသား ခြောက်သိန်းကျော်ရှိတဲ့ အဝေးသင်တက္ကသိုလ်ပညာရေးမှာ လာမယ့်နှစ်ကစပြီး အနီးကပ် ရက်တိုသင်တန်းကို နှစ်ကြိမ်ခွဲ ပို့ချပေးဖို့ အစိုးရက စီစဉ်နေပါတယ်။ မန္တလေးမှာတော့ ကျောင်းသားတချို့က ဒီစနစ်သစ်က သူတို့ရဲ့လုပ်ငန်းကိုင်ငန်း ထိခိုက်လိမ့်မယ် ဆိုပြီး ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2019-10-24
ဒီတစ်ပတ် “နိုင်ငံ့ရေးရာ မေးစရာ” အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်ကို RFA-ဝိုင်းတော်သူ မအေးအေးမွန် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2019-10-24
စိုက်ပျိုးရေးကို အဓိကအားထားတဲ့ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၇၅% ကျော်ရှိတဲ့ "တောင်သူ လယ်သမားတွေရဲ့ဘ၀ တိုးတက်အောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ" ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
2019-10-23
လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်တပ်အရာရှိတွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေကို အရေးယူဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တိုက်တွန်းလိုက်သလို၊ မြန်မာပြည်မှာ စီးပွားရေးလုပ်ရင် လူ့အခွင့်အရေးကိုလဲ ဦးစားပေးဖို့ ဂျပန်နဲ့ တောင်ကိုရီးယားကုမ္ပဏီတွေကို တိုက်တွန်းလိုက်ပါတယ်။
2019-10-23
ကျောက်စိမ်းအတွဲပေါင်း ၃၀၀၀ နီးပါးလောက်ပါဝင်တဲ့ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြပွဲကို မန္တလေးမြို့ MCC ခန်းမမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2019-10-23
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါဒေသ ပတ်ဝန်းကျင်ရွာတွေက ဥပဒေမဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ ရန်ကုန်တိုင်း (မြေ/စစ်) ကော်မတီရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပယ်ဖျက်ပေးရေးအတွက် လယ်သမား ၅၀၀ လောက်က ဒီနေ့ ကျောက်တန်းမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
2019-10-23
နေပြည်တော်က ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုမှာ ဖမ်းဆီးစွပ်စွဲခံထားရတဲ့ ကားဒရိုင်ဘာ ကိုအောင်ကြီးကို အာမခံပေးဖို့ လျှောက်ထားချက်ကို ဒက္ခိဏခရိုင်တရားသူကြီးက ပယ်ချလိုက်ပါတယ်။
2019-10-23
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်ဖို့ ကြိုစားနေတဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဒီရေတောတွေ ပျက်စီးလာမှာကို ဒီရေတောထိန်းသိမ်းရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
2019-10-23
တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ဟာ ဒီနေ့ခေါင်းဆောင်တွေ တွေ့ဆုံအပြီး နှစ်ဘက်တပ်တွေနောက်ဆုတ်ဖို့ သဘောတူခဲ့တယ်လို့ KNU တပ်မဟာ ၆ လက်အောက်ခံ ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ စောမောင်ရွှေက ပြောပါတယ်။
2019-10-23
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က တပ်မတော်အမြောက်တပ်ရင်းတွေကို ဒီကနေ့မနက်မှာ ရက္ခိုင့်တပ်တော် AA က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျရောက်ခဲ့ရာ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။