ဗစ်တိုးရီးယားအမှု စွပ်စွဲခံရသူ ကိုအောင်ကြီးရဲ့အာမခံ ပယ်ချခံရ
2019.10.23
နေပြည်တော်က ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုမှာ ဖမ်းဆီးစွပ်စွဲခံထားရတဲ့ ကားဒရိုင်ဘာ ကိုအောင်ကြီးကို အာမခံပေးဖို့ လျှောက်ထားချက်ကို ဒက္ခိဏခရိုင်တရားသူကြီးက ပယ်ချလိုက်ပါတယ်။
Wisdom Hill မူကြိုကျောင်းအမှုမှာ တရားလိုပြသက်သေ ဆရာမ တစ်ဦးကတော့ ကိုအောင်ကြီးဟာ ပြစ်မှုမကျူးလွန်ဘူးလို့ ဒီနေ့ တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။