သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-26
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်မှု မရှိတော့တာကြောင့် ဧရာဝတီတိုင်းဒေသကြီးက လပွတ္တာ၊ မော်လမြိုင်ကျွန်းနဲ့ ဟိုင်းကြီး ကျွန်းမြို့တွေက မုန်တိုင်းတိမ်းရှောင် နေသူတွေကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ နေရပ်ပြန်လည် ပို့ဆောင်နေပြီဖြစ်ပါတယ်။
2016-10-26
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ ဖက်ဒရယ် ပြည်ထောင် စုပေါ်ထွန်းရေးအတွက် ရည်မှန်းချက်တူ သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါတီရဲ့ တွဲဖက် အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
2016-10-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် အားလုံးနိုင်ရမယ်လို့ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားကြောင်း ပါတီနာယက သူရ ဦးတင်ဦးက ပြောပါတယ်။
2016-10-26
ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့ နေရာတွေကို ဒေသန္တရ အမိန့်တွေ ထုတ်ပြန် သတ်မှတ်ပေးဖို့အဆိုကို ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီနေ့ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2016-10-26
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် နားလော့ကျေးရွာ အနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက် နေ့က အစိုးရ တပ်မတော် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ-ရှမ်းပြည် တပ်မတော် SSPP/SSA တပ်တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တထောင် ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။
2016-10-25
ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခ တစ်ရက်ကို ဘတ် ၃၀၀ သတ်မှတ်ထားရာကနေ ဘတ် ၃၆၀ အထိ တိုးမြှင့်ပေးဖို့ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN နဲ့ ထိုင်းလုပ်သားသမဂ္ဂတို့ ပူးပေါင်းတောင်းဆိုကြမှာဖြစ်ပါတယ်။
2016-10-25
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာ တပ်ဖွဲ့တွေက အရပ်သားတွေကို သတ်ဖြတ် ပြီး ရွာတွေကို မီးရှို့ခဲ့တယ်ဆိုပြီး ပေါ် ထွက်နေတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ က တောင်းဆိုလိုက်ပါတယ်။
2016-10-25
တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် အာရှတိုက် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုှပ်နှံမှုဘဏ် Asian Infrastructure Investment Bank - AIIB ဥက္ကဌ Mr. Jin Liqun ဂျင်လီကွန်းက မြန်မာနိုင်ငံရဲ့ အခြေခံအဆောက် အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ဘဏ်အနေနဲ့ ကူညီလိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2016-10-25
မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လူငယ်လူ ရွယ်တွေ မြို့ပေါ်တက် အခွင့်အလမ်းရှာဖွေမှု တိုးများ လာတာကြောင့် ကျေးလက်တောရွာတွေမှာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေကို လက်ဆင့်ကမ်း သယ်ဆောင် ထိန်းသိမ်းမယ့် မျိုးဆက်သစ်တွေ အလွန်အမင်းနည်းပါးလာ ပြီး၊ မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့တွေ ပျောက် ကွယ်လာနေတဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-10-25
အိမ်ထောင်မကျတဲ့ အမျိုးသမီးရာခိုင်နှုန်းမြင့်တက်မှုနဲ့အတူ ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလာတဲ့အတွက် လူဦးရေ ထိန်းချုပ်ရေးမူဝါဒတစ်ရပ်ပြဌာန်းဖို့ စီစဉ်နေပါတယ်။
2016-10-25
မြန်မာနိုင်ငံမှာ အခုတလော အယူသီးမှုတွေ ရှေးရိုးစွဲအယူအဆတွေကြောင့် အသက်သေဆုံးတဲ့အထိ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေ ပေါ်ပေါက်လာနေတာနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-25
အန်အယ်လ်ဒီပါတီကနေ ထုတ်ပယ်ခံ ထားရတဲ့ ရှမ်းပြည်နယ်ပါတီ ဥက္ကဌအပါအဝင် ၄ဦးကိစ္စကို ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆုံးဖြတ်ပေးသွား မယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။
2016-10-25
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ် စီးနင်းခွင့်ရှိတဲ့နယ်မြေတွေ သတ်မှတ်ပေးဖို့ အဆိုကို တိုင်းဒေသကြီးလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2016-10-25
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လေ့လာစုံစမ်းဖို့အတွက် မနေ့က ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးပါဝင်တဲ့ လေ့လာစုံစမ်းရေးကော်မတီဟာ ဒီနေ့ ကွင်းဆင်းလေ့လာခဲ့ပါတယ်။
2016-10-25
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ မှာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ စစ်ရေးတင်းမာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ရွှေ့ပြောင်း အလုပ်သမားတချို့ နေရပ်ပြန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။