နားလော့ကျေးရွာက စစ်ပြေးဒုက္ခသည်များ
2016.10.26
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် နားလော့ကျေးရွာ အနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက် နေ့က အစိုးရတပ်မတော် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ-ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တထောင်ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။ RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။