သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-23
စစ်အစိုးရလက်ထက်က ရွေးချယ် ခန့်အပ်ခဲ့ပြီး ဒီကနေ့အထိ တည်ရှိနေဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီ ကို ဖျက်သိမ်းပြီး ရှေ့နေအားလုံးက ဒီမိုကရေစီစနစ်နဲ့ မဲပေးရွေးချယ်တဲ့ ရှေ့နေများ ကောင်စီကို ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံတဝှမ်းက တရားလွတ်တော်ရှေ့နေတွေ လက်မှတ်ထိုးတင်ပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-10-22
မကြာသေးခင်က အင်းစိန်အကျဉ်း ထောင်ကနေ လွတ်မြောက်လာတဲ့ ကိုဇော်လင်းထွန်းဟာ ထောင်တွင်းမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရပြီး မှန်ကန်တဲ့ ဆေးဝါးကုသခွင့် မရခဲ့တဲ့အတွက် ရောဂါ ပိုမိုဆိုးဝါးခဲ့တယ်လို့ သိရပါတယ်။
2011-10-22
ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်က ပခုက္ကူမြို့ ရွှေချောင်းရေကြီးမှုကြောင့် ဒီကနေ့အထိ ရရှိတဲ့ စာရင်းတွေအရ သေဆုံးသူ ၂ ရာ ကျော်သွားပြီလို့ သိရပါတယ်။
2011-10-22
မကွေးတိုင်း ဆိတ်ဖြူမြို့နယ်မှာ ယောချောင်း ရေကြီးတဲ့အတွက် ချောင်းတလျှောက်က ရွာတွေ ရေနဲ့ မျှောပါပြီး အပျက်အစီး အဆုံးအရံှုးတွေ ရှိနေပါတယ်။
2011-10-22
ဒုတိယအကြိမ် ပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
2011-10-22
မလေးရှား ကာကွယ်ရေးဝန်ကြီးဌာနက ကမ်းလှမ်းတဲ့ စစ်ရေးနည်းပညာ သင်တန်း ၁၆ ခုထဲက ၉ ခုကို မြန်မာ စစ်တပ် ထိပ်တန်းအရာရှိတွေ လာရောက်လေ့လာ သင်ကြားမယ်လို့ မလေးရှား အစိုးရ သတင်းဌာန Bernama က ဖော်ပြပါတယ်
2011-10-22
မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းခဲ့တာနဲ့ ပတ်သက်လို့ တရုတ်ကုမ္ပဏီဘက်က ဥပဒေကြောင်းအရ ဖြေရှင်းရဖို့ ဖြစ်လာခဲ့ကြောင်းနဲ့ ဒီပြဿနာကို နှစ်နိုင်ငံ အပြန်အလှန် လေးစားမှုနဲ့ အကျိုးစီးပွားတွေကို ထောက်ပြီး ဖြေရှင်းသွားဖို့ နှစ်နိုင်ငံစလုံးမှာ ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
2011-10-21
ကျန်ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသား တွေ လွတ်မြောက်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထပ်မံ ထုတ်ပြန်ပေးဖို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားသူတွေက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဒီနေ့ ပန်ကြားလိုက်ပါတယ်
2011-10-21
ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆိုင်းငံ့ထားပေမယ့် ရွှေတူးဖော်ရေး လုပ်ငန်းကို ခွင့်ပြုထားတာမို့ မြစ်ရေ ညစ်ညမ်းနေတယ်လို့ KDNG ကချင်လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဒီနေ့ ထုတ်ပြန်တဲ့ အရေးပေါ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2011-10-21
တရုတ်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်နေတဲ့ စီမံကိန်းတွေမှာ လုပ်ငန်း အကောင်အထည် ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပေးထားတဲ့ ကတိတွေ တည်ဘို့ လိုအပ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က မြန်မာ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို ပြောတဲ့အကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာက ဖော်ပြလိုက်ပါတယ်။
2011-10-21
ဂျပန်အစိုးရရဲ့ ODAလို့ ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွားရေး အကူအညီတွေ မြန်မာနိုင်ငံကို ပြန်ပေးဖို့ စဉ်းစားနေတာဟာ အခုအချိန်မှာ စောလွန်းတာကြောင့် ဂျပန်အခြေစိုက် မြန်မာ့ဒီမိုရေစီရေး လှုပ်ရှားသူတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆို လိုက်ကြပါတယ်။
2011-10-21
ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ အကျဉ်းထောင်အသီးသီးက ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး သမားတွေကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနား တစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2011-10-20
တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးများရဲ့ ခံစားခွင့်တွေ အတိုင်း တပြေးညီ ရရှိရေး အတွက် အဆောင်အယောင် ဆိုင်ရာ ဥပဒေကို ရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းဖို့ အဆိုကို အမျိုးသား လွှတ်တော်မှာ မနေ့က အတည်ပြုလိုက်ကြောင်း သိရပါတယ်။
2011-10-20
မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ ဒီရက်ပိုင်း အတွင်း မိုးသည်းထန်နေပြီး ဆည်ရေ ဖေါက်ချလိုက်တာကြောင့် တမြို့လုံးနီးပါး ရေလွှမ်းကာ မြို့ခံ (၁၃၀၀) ကျော် အိုးအိမ်စွန့်ပြီး ရှောင်တိမ်းခဲ့ရကြောင်း လူမှုကူညီရေး ဆောင်ရွက်နေတဲ့ မြို့ခံတဦးက RFA ကို ပြောပါတယ်။
2011-10-20
အမေရိကန်သံရုံး ယာယီ တာဝန်ခံနဲ့ အဖွဲ့ဟာ ကြာသပတေးနေ့ ညနေပိုင်းက နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာ (ခေါ်) ကိုသူရနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။