ပခုက္ကူရေဘေး ၂ ရာခန့် သေဆုံး
2011.10.22
ချောင်းနဲ့နီးတဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း အပါအဝင် အမှတ် (၃) ရပ်ကွက်က တိုးချဲ့ကွက်သစ်နဲ့ လူနေအိမ်ခြေ ရာချီပြီး ရေထဲ မျောပါသွားတဲ့အတွက် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၂၅ဝဝ ကျော် ရှိနေပါတယ်။
ရေဘေးဒုက္ခသည်တွေကို မိုးကုတ် ရိပ်သာကျောင်းမှာ လူ တထောင်ကျော်၊ တိလောက ရာမ ကျောင်းတိုက်မှာ ၈ ရာကျော်၊ မ,တထောင် ကျောင်းတိုက်မှာ ၃ ရာကျော်၊ ကျောက်မီးကျောင်းတိုက်မှာ ၃ ရာကျော် အသီးသီး ခိုလှုံခွင့် ပြုထားသလို တချို့ကလည်း ဆွေနီးမျိုးစပ်တွေရဲ့ နေအိမ်တွေမှာ ခေတ္တ တည်းခိုနေရပါတယ်။
ပခုက္ကူမြို့က ရေဘေးဒုက္ခသည် ကူညီရေး လက်ရှိ အခြေအနေတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |