ကင်ဆာရောဂါနဲ့ လွတ်လာတဲ့ ကိုဇော်လင်းထွန်း
2011.10.22

PHOTO: AFP
အသည်းကင်ဆာ ခံစားခဲ့ရတာကို ဆေးကုသခွင့် ချက်ခြင်းမပေးဘဲ ထောင်ဆရာဝန်တွေက တီဘီရောဂါကု ဆေးဝါးတွေကိုသာ ပေးခဲ့တဲ့အတွက် ရောဂါနဲ့ဆေး တခြားစီ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
သူ့ကို လွှတ်ပေးလိုက်တာ ဝမ်းသာပေမယ့် ထောင်တွင်းမှာ ကျန်ခဲ့တဲ့ အသက်အရွယ် ကြီးရင့်သူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးမှသာ စစ်မှန်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဘယ်ခေတ် ဘယ်အခါမဆို ကျောင်းသားသမဂ္ဂ ဆိုတာ ရှိသင့်တဲ့အတွက် ကျောင်းသားကျောင်းသူတွေ အားလုံးအနေနဲ့ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ကြဖို့လည်း ကိုဇော်လင်းထွန်းက တိုက်တွန်းလိုက်ပါတယ်။
ကိုဇော်မိုးကျော်ရဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |