လွတ်ငြိမ်းခွင့် ထပ်မံတောင်းဆို
2011.10.21

AFP
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတော် အစိုးရကို တိုက်တွန်းနားချပေးဖို့ နိုင်ငံတော် သံဃာ့ မဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ မဟာရဠဂုရု ဘဒ္ဒန္တ ကုမာရာဘိဝံသ ထံ သီးခြား စာတစ်စောင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရထံ သီးခြား စာတစ်စောင်ကိုလည်း သူတို့က ပေးပို့လိုက်ပါတယ်။
အောက်တိုဘာ ၁၁ ရက် နေ့က ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ လွတ်မြောက် လာတာကို ကြိုဆိုတဲ့အကြောင်း၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတိုးကျော်လှိုင်က ပြောပါတယ်။
“ကောင်းရာ မွန်ရာလုပ်တာကို ကျနော်တို့က ကျေးဇူးလည်းတင်တယ်။ ဂုဏ်လည်းပြုတယ်၊ အသိအမှတ်လည်းပြုတယ်။ ဒါကိုလည်း ပထမ တစ်ပိုင်း ပြောထားပါတယ်။ ဒါ့ကြောင့် ဒီကောင်းတဲ့ အစဉ်အလာတွေကို ဆက်လုပ်ပါလို့ ကျနော်တို့က တိုက်တွန်းတာပေါ့နော်”
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာသူတွေထဲ နိုင်ငံရေး အကျဉ်းသားတွေ ပါရှိပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ ဒါမှမဟုတ်နိုင်ငံရေး အကျဉ်းသား တစ်ထောင်ကျော်လောက် ဆက်လက် အကျဉ်းကျနေတာမို့ သူတို့အားလုံး လွတ်မြောက်ရေး အတွက် ခုလို မေတ္တာရပ်ခံစာတွေ ပေးပို့ရတာလို့လည်း ကိုတိုးကျော်လှိုင်က ပြောပါတယ်။
နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ မလွတ်မြောက်သေးဘဲ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားသူ တွေက မေတ္တာရပ်ခံစာ သုံးစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီ အကြောင်းကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |