သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-25
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဇန်နဝါရီ ၁၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေး အခြေအနေ သုံးသပ်ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
2021-01-25
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၄ဝဝ ကျော် ပြစ်ဒဏ်ကျခံနေရာက လွတ်ရက် စေ့မြောက်သွားပေမယ့် နေရပ် မပြန်နိုင်လို့ မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2021-01-25
စစ်ကိုင်းတိုင်း ကလေးမြို့မှာ Home Quarantine အိမ်တွင်းကန့်သတ်နေထိုင်သူ တစ်ဦး မနေ့ မနက်က သေဆုံးသွားပါတယ်။ အိမ်မှာ သီးခြားကန့်သတ် စောင့်ကြည့်ထားတဲ့ အသက် ၈၀ ကျော် အမျိုးသမီး သေဆုံးတာဖြစ်ပြီး အလောင်းကို စစ်ဆေးကြည့်တော့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရတယ်လို့ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာစန်းမောင်က ပြောပါတယ်။
2021-01-25
ရွေးကောက်ပွဲအပြီး နေပြည်တော်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်ကျင်းပမယ့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးသစ်ကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးရာမှာ လွှတ်တော်ကိုယ်စား လှယ် လေးဦးနဲ့ မိသားစုဝင် နှစ်ဦး စုစုပေါင်း ခြောက်ဦးမှာ ပိုးတွေ့ရှိခဲ့ပါတယ်။
2021-01-25
အငြင်းပွားစရာဖြစ်နေတဲ့ ရွေးကောက်ပွဲရလဒ်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတဲ့အထဲမှာ တိုင်းရင်းသားပါတီအချို့လည်း ပါဝင်လာပါပြီ။ ဒီပြဿနာတွေကိုဖြေရှင်းပြီးမှ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေကို ကျင်းပဖို့ ကရင်နဲ့ ရှမ်းပါတီတစ်ချို့က တောင်းဆိုနေပါတယ်။
2021-01-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာသား ၁၈ ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုက လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ဖမ်းဆီးသွားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃၊ ၂၄ ရက်တွေက ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့ပါတယ်။
2021-01-25
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ဆက်သွယ်လို့ဆိုပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ် မန်းနားကျေးရွာက မူလတန်းကျောင်းအုပ် ဆရာမဒေါ်သန်းသန်းမျိုးကို တပ်မတော်က တရားစွဲဆိုထားတာ မှန်ကန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2021-01-25
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းပါတဲ့ရွာတွေက တောင်သူတွေနဲ့ အစိုးရကြား မြေယာလျော်ကြေး ကိစ္စညှိနှိုင်းမှု ပြေလည်သွားပြီဆိုတာ မဟုတ်မှန်ကြောင်း ဒေသခံ မြေရှင်တောင်သူ ၅၀ လောက်က ဒီနေ့ ပြောလိုက်ပါတယ်။
2021-01-24
ကျေးရွာပေါင်း ၅၀ ကျော်ရှိတဲ့ မွန်ပြည်သစ်ဗဟိုဌာနချုပ်ရှိတဲ့ ဘုရားသုံးဆူကနေ ရေးချောင်းဖျားဒေသအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိဘူးလို့ မွန်ပြည်သစ် ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
2021-01-24
ကမ္ဘာ့အီလက်ထရောနစ် အားကစားပြိုင်ပွဲ Mobile Legend World Championship M2- Esports မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းဟာ ဗိုလ်လုပွဲမှာ Bren Esports ဆိုတဲ့ ဖိလစ်ပိုင်နိုင်ငံအသင်းကို ရှုံးနိမ့်ပြီး ဒုတိယရခဲ့ပါတယ်။
2021-01-24
NLD အစိုးရ ၅ နှစ် ကာလအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်၊ သတင်းအချက်အလက်ရယူဖို့ ခက်ခဲတာတွေအပြင် ဈေးကွက်နဲ့ ကြော်ငြာတွေမှာ အစိုးရသတင်းစာတွေကို အစစအရာရာ မယှဉ်ပြိုင်နိုင်တာ၊ ကပ်ဘေးကိုပါ ထပ်မံ ရင်ဆိုင်ရတာကြောင့် ပုဂ္ဂလိကသတင်းစာတွေ တစ်စောင်ပြီး တစ်စောင် ရပ်နားခဲ့ရပါတယ်။
2021-01-24
လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက မနေ့က ကျင်းပတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
2021-01-23
ကိုဗစ် ၁၉ ကာကွယ်ဆေးကို ဆေးရုံကြီးတွေမှာသာ ထိုးပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနက ပြောပါတယ်။
2021-01-23
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံပတုပ်ဝ ကျေးရွာမှာရှိတဲ့ အမှတ် ၄ စီမံကိန်းတူးမြောင်းထဲမှာ ငါးဖမ်းဖို့လုပ်ထားတဲ့ အတားအဆီးတွေကို လယ်သမား တွေက ဖယ်ရှားလို့ဆိုပြီး အမှုဖွင့်ခံထားရတဲ့ လယ်သမား ခြောက်ဦးထဲက သုံးဦးကို မနေ့က ရွှေလောင်းမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2021-01-23
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ လေးနှစ်ကြာ ဖွင့်လှစ်ထားတဲ့ မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို စခန်းအနီးက ရပ်ကွက်တွေထဲမှာ နေရာချထားပေးဖို့ ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။ ဒီစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဒုက္ခသည်တွေက လိုလားနေပါတယ်။