သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-27
ကရင်အမျိုးသားအစည်းအရုံး KNU ကို ဆက်ကြေးကောက်တာတွေ ဆောင်ရွက်နေတယ်ဆိုပြီး တပ်မတော်ဘက်က ပြောကြားချက်ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ KNU က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2019-01-27
ဧရာဝတီတိုင်းလွှတ်တော် ဘတ်ဂျက်ငွေထဲက ကျပ်သိန်း ၁၅၀၀ ကို အလွဲသုံးစားပြုလုပ်ခဲ့တာ စစ်ဆေးပေါ်ပေါက်တာကြောင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒု-ဥက္ကဌ ဦးစံမင်းအောင်ဟာ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ရာထူးတာဝန်ကနေ နုတ်ထွက်ရမယ်လို့ သိရပါတယ်။
2019-01-27
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကန့်ကွက်ကြောင်း လူ ၅၀ လောက်က ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2019-01-26
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အပြည့်အဝ မရသေးတဲ့အတွက် ဒီမိုကရေစီရပြီးသားနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့တူနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။
2019-01-26
မြစ်ဆုံစီမံကိန်းကိစ္စမှာ ရေငုံနှုတ်ပိတ်နေဖို့ ကချင်ပြည်နယ် တစည ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူကို China Power Investment (CPI) ကုမ္ပဏီက လာဘ်ငွေပေးဖို့ ကြိုးစားခဲ့တယ်လို့ ဦးဂျေယောဝူက ဒီနေ့ပြောလိုက်ပါတယ်။
2019-01-26
ဆရာတော်ဦးဝီရသူ ဦးဆောင်တည်ထောင်မယ့် အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦး စတင်တည်ဆောက်ဖို့ ပန္နက်ရိုက်အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
2019-01-26
၂ဝ၁၉ ဇန်နဝါရီလ ၂၆ ရက်နေ့ည "စနေစကားဝိုင်း" အစီအစဉ်မှာ " ကချင်ဝန်ကြီး ၃ ဦး နုတ်ထွက်ခြင်းနဲ့ ၂ဝဝ၈ အခြေခံဥပဒေအောက်က အာဏာခွဲဝေမှု ပြဿနာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2019-01-26
၂ဝ၁၉ ဇန်နဝါရီလ ၂၆ ရက်နေ့ည "စနေစကားဝိုင်း" အစီအစဉ်မှာ " ကချင်ဝန်ကြီး ၃ ဦး နုတ်ထွက်ခြင်းနဲ့ ၂ဝဝ၈ အခြေခံဥပဒေအောက်က အာဏာခွဲဝေမှု ပြဿနာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2019-01-26
လွှတ်တော်နဲ့ အစိုးရကို အယုံအကြည်မရှိလို့ဆိုပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ နုတ်ထွက်စာတင်ထားတဲ့ ဒေါ်မြင့်မြင့်စန်းဟာ ပါတီနဲ့ ညှိနှိုင်းခဲ့ပြီးဖြစ်လို့ လွှတ်တော် အစည်းအဝေးတွေကို ပြန်လည်တက်ရောက်မယ်လို့ သိရပါတယ်။
2019-01-26
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဟာ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့၊ NRPC တာဝန်ရှိသူတွေနဲ့ ဖေဖော်ဝါရီလဆန်းမှာ သီးခြားစီ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
2019-01-26
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဆီတောကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်ဟာ ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်ပေးဖို့ နှစ်ဘက်ခေါင်းဆောင်တွေကို လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။
2019-01-26
မြစ်ဆုံစီမံကိန်း ကိစ္စတွေမှာ ပါဝင်မဆွေးနွေးဘဲ ရေငုံနှုတ်ပိတ်နေဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူကို China Power Investment (CPI) ကုမ္ပဏီက လာဘ်ငွေပေးဖို့ ကြိုးစားခဲ့ကြောင်း ဦးဂျေယောဝူက ဒီနေ့ပြောလိုက်ပါတယ်။
2019-01-26
ဆရာတော် ဝီရသူ ဦးဆောင်တည်ထောင်မယ့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို မန္တလေးတိုင်းအစိုးရက ခွင့်ပြုချက်မပေးထားပေမယ့် ဒီနေ့မနက်က အဆောက်အဦး ပန္နက်ရိုက်ခဲ့ပါတယ်။
2019-01-25
ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တခြားအရာရှိတွေကို အရေးယူသင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောတဲ့အကြောင်း မနေ့ညက ထုတ်တဲ့ ရိုက်တာသတင်းမှာ ဖော်ပြလိုက်ပါတယ်။
2019-01-25
မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်မှုအောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အပြည့်အဝဆောင်ရွက်မယ်လို့ ကတိပေးထားပေမယ့်၊ အရင်စစ်အစိုးရ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့အတိုင်း လက်ရှိအစိုးရက ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်တဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။