တိုက်ပွဲတွေရပ်ဆိုင်းဖို့ သီပေါမြို့က ဒုက္ခသည်တွေ လက်မှတ်ထိုးတောင်းဆို


2019.01.26
hsipaw-refugees-622.jpg SSPP နဲ့ RCSS တိုက်ပွဲဖြစ်တာကြောင့် ထွက်ပြေးလာသူတွေကို ၂၀၁၈၊ ဇန်နဝါရီ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဆီတောကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်ဟာ ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်ပေးဖို့ နှစ်ဘက်ခေါင်းဆောင်တွေကို လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။

သီပေါမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့  ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရတဲ့အတွက် နှစ်ဘက်ခေါင်းဆောင်တွေ တေ့ွဆုံပြီး တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ရေး ဆွေးနွေးညှိနှိုင်းကြဖို့ တောင်းဆိုတာဖြစ်ပါတယ်။

အဲဒီလက်မှတ်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းခမ်းအောင် ထံ ပေးပို့တာဖြစ်ပြီး အဲဒီကတဆင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စုက ဒေသခံ လေးထောင်ကျော်ကလည်း တိုက်ပွဲတွေရပ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။