မြစ်ဆုံကိစ္စလာဘ်ထိုးဖို့ တရုတ်ကုမ္ပဏီကြိုးစား
2019.01.26
မြစ်ဆုံစီမံကိန်းကိစ္စမှာ ရေငုံနှုတ်ပိတ်နေဖို့ ကချင်ပြည်နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူကို China Power Investment (CPI) ကုမ္ပဏီက လာဘ်ငွေပေးဖို့ ကြိုးစားခဲ့တယ်လို့ ဦးဂျေယောဝူက ဒီနေ့ပြောလိုက်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။