သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-27
မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်အကူအညီတွေနဲ့ ပတ်သက်ပြီး ခြစားမှုတွေ တွေ့ရှိမယ်ဆိုရင် အစီအစဉ်တွေ ချက်ခြင်းရပ်ဖို့ လက်နှေးမှာမဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဌက သတိပေးလိုက်ပြီး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ဖိဖိစီးစီး ကိုင်တွယ်ဆောင်ရွက်ဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2014-01-27
တရားသူကြီးတွေ အဂတိလိုက်စားမှုတွေနဲ့ အမှုဖျောက်ဖျက်တာတွေ ရှိနေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ ဒီမိုကရေစီ စဉ်ဆက် မပြတ်လှုပ်ရှားသူများ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ် ခရိုင်တရားရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
2014-01-27
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ၂ ခု ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသား ပါတီ Arakan National Party ကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်လိုက်ပြီလို့ ပါတီခေါင်းဆောင်တွေက ဒီကနေ့ ပြောကြပါတယ်။
2014-01-27
ဇန်နဝါရီလ ၁၉ ရက်နေ့ကထုတ်တဲ့ "မွန်းတည့်နေဂျာနယ်"မှာ ဆရာတော် အရှင်ဉာဏိဿရ မိန့်ကြားတယ်ဆိုပြီး လွဲမှားစွာရေး သားခဲ့တဲ့အတွက် မန္တလေးအခြေစိုက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က မွန်းတည့်နေဂျာနယ်ကို တရားစွဲမယ်လို့ မစိုးရိမ်တိုက်သစ် ဆရာတော်တွေက ဒီနေ့ မိန့်ကြားပါတယ်။
2014-01-27
၈၈ မျိုးဆက် ငြိမ်းချမ်ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုကိုကြီးနဲ့အတူ OMI ပွင့်လင်း မြန်မာ့ရှေ့ဆောင် သုတေသန လူငယ်အဖွဲ့တို့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားလွှတ်တော ်ဥက္ကှဌ ဦးခင်အောင်မြင့် အပါအဝင် အမျိုးသားလွှတ်တော် ဥပဒေရေးရာ ကော်မတီအဖွဲ့နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
2014-01-27
ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ် ကိုင်နေတဲ့ မြန်မာတွေထဲက ပညာ ဆက်လက်သင်ကြားလိုသူတွေအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ပညာရေးပေါင်းကူး သင်တန်းကျောင်း BEAM Education Foundation က အခုနှစ် ၂၀၁၄ ပညာသင်နှစ်မှာ ထိုင်း - မြန်မာ ပေါင်းစပ် ပညာရေးပုံစံသစ်နဲ့ ပထမဆုံး သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
2014-01-26
လစ်လပ်နေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြနေရာမှာ ဆာဘီးယားနည်းပြကို ခန့်အပ်နိုင်ခြေ များနေပါတယ်။
2014-01-26
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရဲအမှုထမ်းတစ်ဦး ပျောက်ဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရပ်သားမွတ်စလင်တွေ အကြမ်းဖက်သတ်ဖြတ်ခံရတယ်ဆိုတဲ့ လုပ်ကြံသတင်းတွေအပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်တို့က စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုတာကို မြန်မာအစိုးရအနေနဲ့ လုံးဝလက်မခံဘဲ၊ ပယ်ချကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောဆိုပါတယ်။
2014-01-26
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိနေတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဌ Mr Jim Yong Kim က ဆင်းရဲမွဲတေ မှု ပပျောက်ရေး၊ စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်တွေမှာ သုံးစွဲဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ထောက်ပံ့မယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။
2014-01-26
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေဟာ မနေ့မနက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရဖက်က စစ်ကြောင်းမှူးအပါအဝင် ၅ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
2014-01-26
မွန်ဒေသလုံးဆိုင်ရာ ပါတီဝင်တစ်ချို့က ကန့်ကွက်မှုတွေ ရှိနေပေမယ့် မွန်ပါတီနှစ်ခု ပူးပေါင်းဖွဲ့စည်းထားတဲ့ ပါတီအသစ် "မွန်အမျိုးသားပါတီ" ကို လာမယ့် ဖေဖေါ်ဝါရီလထဲမှာ မှတ်ပုံတင်သွားမယ်လို့ မွန်အမျိုးသားပါတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ နိုင်အောင်ဗလက RFA ကို ပြောပါတယ်။
2014-01-26
ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသား ပြည်သူတွေသာမက လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ တိုက်ခိုက် ခံနေရတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့နဲ့ လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2014-01-26
မြန်မာနိုင်ငံမှာရှိကြတဲ့ ပသီလူမျိုးတွေကို တိုင်းရင်းသား လူမျိုးစုတစ်စုအဖြစ် သတ်မှတ်ပေးဖို့နဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ကုတ်နံပါတ် သတ်မှတ်ပေးဖို့ UNC အမျိုးသား ညီညွတ်ရေးကွန်ဂရက် ပါတီက တောင်းဆိုလိုက်ပါတယ်။
2014-01-26
မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရခဲ့တာ အနှစ် ၇၀ နီးပါး ရှိပြီဖြစ်ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး မရှိသေးတဲ့ဒဏ်တွေကို ပြည်သူတွေအနေနဲ့ ခံစားနေရတာကြောင့် အကြမ်းမဖက်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ခု ဖြစ်ပေါ်လာဖို့ အားလုံးကြိုးစား သွားဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2014-01-26
ဒီအပတ် RFA တနင်္ဂနွေစကားဝိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ သံဃာ့ညီလာခံနဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဆွေးနွေးတင်ပြထားပါတယ်။