သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-24
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် တစ်လပြည့်သွားပြီ ဖြစ်ပေမယ့် မီးပုံမှန်အတိုင်း ပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရနဲ့ ကေအိုင်အေ တို့နှစ်ဖက်ကြားက တိုက်ပွဲတွေအပေါ်မှာ မူတည်နေတယ် လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက RFA ကို ပြောပါတယ်။
2013-01-24
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့ကနေ KIO ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာ နယ်စပ်က လိုင်ဇာမြို့ကို လမ်းလျှောက် ချီတက်ကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ ၅၀ ကျော်ဟာ ဒီကနေ့မှာတော့ ပဲခူးမြို့ကနေ ဒိုက်ဦးမြို့အထိ ရောက် ရှိနေပါတယ်။
2013-01-23
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ မှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေ တဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင် ရွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။
2013-01-23
ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စီစစ်ဖို့ု့အတွက် လူဦးရေစာရင်း ကောက်ခံရာမှာ မြေပုံမြို့နယ် ပြီးစီးသွားပြီဖြစ်ပြီး ကျောက်တော်၊ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဆက်လက်ဆောင် ရွက်နေတယ်လို့ ရခိုင်ပြည်နယ် လဝကမှူး ဦးကျော်ရင်ဦးက RFA ကို မနေ့က ပြောပါတယ်။
2013-01-23
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအကြောင်း အများပြည်သူတွေ ကို အသိပေးရှင်းလင်းတဲ့ ဟောပြော ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ သမိုင်းမြို့မကျောင်းတိုက်မှာ လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဇန်နဝါရီလ ၂၃ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2013-01-23
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ရှိတဲ့ ဝှေခါကျေးရွာနဲ့ မှော်ဂဠုန်ကျေးရွာ တစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ စားရေးသောက်ရေး အခက်အခဲတွေ ရှိလာတဲ့အတွက် အကူအညီပေးဖို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲ က အစိုးရအဖွဲ့ကို ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
2013-01-23
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက် သွားတဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်း စစ်ချုပ်ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူစစ်ဆေးနေ တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2013-01-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဒီကနေ့မနက်ပိုင်း ၁၁ နာရီကနေ ညနေ ၅ နာရီအထိ အစိုးရတပ် နဲ့ ကေအိုင်အေ တပ်တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ရာမှာ လက်နက်ကြီး ကျည်ဆံပေါက်ကွဲ ထိမှန်မှုကြောင့် ဝှေခါကျေးရွာရပ်ကွက် ၁ နား က မြေစာပုံမှာ ရေးမဆေးကျောက်ရှာနေတဲ့ ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2013-01-23
ခရီးသည် ၃၇ ဦးတင်ဆောင်လာတဲ့ ရန်ကုန်ကနေ ရခိုင်ပြည်နယ် တောင်ကုတ်-သံတွဲ ခရီးသည်တင် အောင်သစ္စာ ဘတ်စ်ကားဟာ ဇန်နဝါရီလ ၂၃ ရက်နေ့ ဒီကနေ့ မနက် ၂ နာရီလောက်က တောင်ကုတ်မြို့ကို မရောက်ခင် မိုင် ၂ဝ ခန့်အလို နေပူတောင်မှာ ရုတ်တရက် ကားဘရိတ်ပေါက်ပြီး ချောက်ထဲထိုးဆင်းသွား ခဲ့ပါတယ်။
2013-01-22
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) အဖွဲ့ က ခေါင်းဆောင်တွေ ဒီကနေ့ မနက်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
2013-01-22
အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ရက်နေ့ ကစပြီး နှစ်ပတ်နီးပါးပိတ်ထားခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ မိုးကောင်း-ဖားကန့်လမ်းကို ဒီကနေ့ ဇန်နဝါရီလ ၂၂ရက်နေ့ မနက်ပိုင်းမှာ ဖြတ်သန်းသွားလာ ခွင့်ပြုလိုက်ပြီလို့ သိရှိရပါတယ်။
2013-01-22
ဖိလစ်ပိုင်နိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သွားရောက်လေ့လာ ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေဟာ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ဒီကနေ့ နေ့လည်က ပြုလုပ်ခဲ့ပါတယ်။
2013-01-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းက အမျိုးသမီးတွေ အနေနဲ့ ပြဿနာတွေကို အတူတကွ လက်တွဲဖြေရှင်းသွားကြဖို့နဲ့ အနာဂတ်မျှော်လင့်ချက်တွေကို လက်မလွှတ်ကြဖို့ အားပေးစကား ပြောကြား လိုက်ပါတယ်။
2013-01-22
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ လမ်းလျှောက်ဆန္ဒပြ သူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဝင်မှာ ပဲခူးတိုင်းအာဏာပိုင်တွေ က ရှေ့ဆက်သွားခွင့်မပေးပဲ တားဆီးပိတ်ပင်ခဲ့ပါ တယ်။
2013-01-22
မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကချင်ပြည်နယ်က အပြစ်မရှိ တဲ့ ကျေးရွာသူ ကျေးရွာသားတွေကို စိစစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ စစ်ပွဲတွေရပ်ဆိုင်း ဖို့ AHRC လို့ ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင် က မနေ့က တိုက်တွန်းလိုက်ပါတယ်။