သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-06
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ် ဝါးဒက်ကွင်းကျေးရွာက မြေဧက ၁၀၀ နီးပါးမှာ ဝင်ရောက်နေထိုင်ကြသူတွေဟာ ဒီနေ့ မော်လမြိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ဦးဆောင်သူတစ်ဦးကို ရဲတပ်ဖဲ့ွက ဖမ်းဆီးသွားပါတယ်။
2016-01-06
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦး ချုပ် ဗိုလ်ချုပ်ဂွမ်မော် တာဝန်ယူနေရတဲ့ လုပ်ငန်းတွေ များနေတာကြောင့် နောက်ထပ်ဒုတိယစစ် ဦးစီးချုပ် နှစ်ဦးကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဗဟိုက ထပ်မံခန့်ထားလိုက်ပါတယ်။
2016-01-06
တရုတ်သံရုံးရှေ့မှာ ဆန္ဒပြ မှုကြောင့် ထောင်ဒဏ် ၆နှစ်ကျော် အမိန့် ချခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှား သူ နော်အုန်းလှက ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက် တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေး ဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ အင်းစိန်ထောင် အတွင်း အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရပါတယ်။
2016-01-06
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ရမယ့် ဒုတိယ အကြိမ် လွှတ်တော်အသစ်ကို လာမယ့် ဖေဖော်ဝါရီ လ ၁ ရက်နေ့မှာ စတင်ခေါ်ယူမှာဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-01-06
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဒေသခံ တစ်ထောင်ကျော်ဟာ ပြည်နယ်အစိုးရရဲ့ မြေနေရာ ခွဲဝေပေးမှု၊ နေအိမ်ဆောက်လုပ်စရိတ် ထောက်ပံ့ပေး မှု၊ နေအိမ်ဆောက်လုပ်ပေးမှုတွေနဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် ဒီနေ့ ဟားခါးမြို့မှာ ၃ နာရီကြာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2016-01-06
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အစိုးရတပ်မတော် တပ်ရင်း (၃၂၄) နဲ့ ပန်းဆေး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ တို့ ပူးပေါင်းတဲ့အဖွဲ့က ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ နယ်၊ စေကင်းကျေးရွာကို ဝင်ရောက်ပြီး ဒေသခံ ရွာသူ/သား တွေကို အကြမ်းဖက်ညှင်းပမ်း နှိပ်စက်ခဲ့ တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။
2016-01-06
မြန်မာနိုင်ငံက ခရမ်းချဉ်သီးစိုက်ပျိုးတဲ့ဒေသတွေမှာ ဈေးကျနေတာကြောင့် ခရမ်းချဉ် စိုက်တဲ့ တောင်သူတွေ အရှုံးပေါ်နေပါတယ်။ ဈေးကွက်ထဲမှာ ခရမ်းချဉ်သီးဈေး ထိုးကျနေတဲ့အတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ခရမ်းချဉ်စိုက် တောင်သူတွေ အရှုံးပေါ်နေပါတယ်။
2016-01-06
၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်မှာ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2016-01-06
လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ နဲ့ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီတာဝန်ရှိသူတွေ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်တွေက အန်အယ်လ်ဒီ ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
2016-01-05
မန္တလေးတိုင်း မြင်းခြံမြို့မှာရှိတဲ့ ဘုန်းတော်ကြီးသင်ကျောင်းက ကလေးငယ်တွေ ဖန်တီးထားတဲ့ စွန့်ပစ်ပစ္စည်းသုံး ပန်းချီကားတွေကို ရန်ကုန်မြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစန်းဇော်ထွေးရဲ့ နေအိမ်မှာ ပြသနေပါတယ်။
2016-01-05
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ ရှိတဲ့ "နတ်မတောင်" လို့ လူသိများ တဲ့ ခေါ်နုသုမ်- ခေါ်- ဝိတိုရိယတောင်ဟာ ချင်းတောင်တန်းနဲ့ ဆက်လျက်တည်ရှိနေ တဲ့တောင် ဖြစ်ပါတယ်။
2016-01-05
အခုရက်ပိုင်းအတွင်း ခရမ်းချဉ်သီး ဈေးကျနေတာကြောင့် ခရမ်းချဉ်စိုက်တဲ့ တောင်သူတွေ အရှုံးပေါ်နေပါတယ်။
2016-01-05
မကွေးတိုင်းအတွင်း ဆက်သွယ်ရေးကွန်ယက် ဖိုက်ဘာဆက်ကြောင်းတွေ သွယ်တန်းရာမှာ မင်းဘူး-စကုမြို့နယ်က ဒေသခံလယ်သမားတွေရဲ့ စိုက်ပျိုးမြေတွေကို ဖြတ်ပြီး တူးဖော်ခဲ့တဲ့အတွက် လယ်သမားတွေက နစ်နာကြေး တောင်းဆိုနေကြပါတယ်။
2016-01-05
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ပြောင်ဖူးကုန်စည်ဒိုင်မှာ လုပ်ခတိုးမြှင့်ပေးဖို့နဲ့၊ အချိန်ကျော်လွန်ပြီး အလုပ်မခိုင်းဖို့အတွက် ဆန္ဒပြနေတဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေကို ကုန်စည်ဒိုင်အသင်းနဲ့ ပွဲရုံလုပ်ငန်းရှင်တွေက ဒီဇင်ဘာလ ၅ရက်နေ့က ညှိနှိုင်းခဲ့ပါတယ်။
2016-01-05
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အစိုးရတပ် ခလရ ၃၂၄ နဲ့ "ပန်ဆေး" ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဒေသခံတွေကို အကြမ်းဖက်နှိပ်စက်ခဲ့တယ်လို့ တအာန်း အမျိုးသမီးအဖွဲ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုလိုက်ပါတယ်။