ရွာသားတွေ ရိုက်နှက်ခံရမှု တအာင်းအမျိုးသမီးအဖွဲ့ သတင်းစာ ရှင်းလင်း
2016.01.06
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အစိုးရတပ်မတော် တပ်ရင်း (၃၂၄) နဲ့ ပန်းဆေး ဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းတဲ့အဖွဲ့က ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ စေကင်းကျေးရွာကို ဝင်ရောက်ပြီး ဒေသခံ ရွာသူ/သား တွေကို အကြမ်းဖက်ညှင်းပမ်း နှိပ်စက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့နဲ့ တအာင်းအမျိးသမီးအဖွဲ့တို့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောတာ ဖြစ်ပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားပါတယ်။