တအာန်း-ပလောင်ဒေသ လူ့အခွင့်အရေးချိုးဖောက်မှု
2016.01.05
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အစိုးရတပ် ခလရ ၃၂၄ နဲ့ "ပန်ဆေး" ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဒေသခံတွေကို အကြမ်းဖက်နှိပ်စက်ခဲ့တယ်လို့ တအာန်း အမျိုးသမီးအဖွဲ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။