UPDJC အဖွဲ့ဝင်တွေနဲ့ NLD တွေ့ဆုံ
2016.01.06
လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီတာဝန်ရှိသူတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်တွေက ဒီနေ့ အန်အယ်လ်ဒီ ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJCရဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစိုင်းကျော်ညွှန့်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ် မေးမြန်းထားပါတယ်။