သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-07
ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်-ခေါ် "သက္ကမ" မျိုးနွယ်စုတွေရဲ့ ၅ ကြိမ်မြောက် အမျိုးသားနေ့ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ရှင်တော်ကျေးရွာ မှာ ဇန်နဝါရီလ ၇ ရက်နေ့ ကျင်းပပါတယ်။
2016-01-07
ဇန်နဝါရီလ ၈ ရက်နေ့ စတင်ကျင်းပမယ့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ပြဿနာတွေ ကို ဖြေရှင်းမယ့် နှစ်နိုင်ငံအစည်းအဝေးအတွက် အသေးစိတ်ဆွေးနွေးပွဲကို ရန်ကုန် ရန်ကင်းမြို့နယ် မှာရှိတဲ့ အလုပ်သမားသင်တန်းကျောင်းမှာ ဇန်နဝါရီလ ၇ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-01-07
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းက နမ့်ပေါင်တိုက်နယ် ကျေးရွာတချို့မှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် မန်လုန်းကျေးရွာက ဒေသခံ တစ်ရာကျော် တောတောင်တွေထဲမှာ ပုန်းအောင်းနေကြပါတယ်။
2016-01-07
အရပ်ဘက်အုပ်ချုပ်ရေးဌာနတွေမှာ စစ်တပ် ကပြောင်းလာတဲ့ အငြိမ်းစားအရာရှိတွေ ခန့်ထား မှုတွေကို ဆန့်ကျင်တဲ့ ဖဲကြိုးပြာလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက လျှပ်စစ်အင်ဂျင်နီယာတွေကို ဝန်ကြီးဌာနက ခုံရုံးဖွဲ့ပြီး နေပြည်တော်မှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2016-01-07
ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပ မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အပေါ် ဝေဖန်မူတွေရှိနေပေမယ့် ညီလာခံကိုတော့ မဖြစ်မနေကျင်းပရမှာ ဖြစ်တယ်လို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၈ဖွဲ့ထဲက PNLO ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
2016-01-07
တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရွှေ့ဆိုင်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ဇန်နဝါရီလ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-01-07
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေတဆုပ်ကျေးရွာမှာ စစ်တောင်းမြစ်ကမ်းပါးပြိုကျ မှုကြောင့် နေအိမ် ၁၃ဝ ကျော် ပြိုကျပြီး လယ်ယာမြေဧက ၂ ထောင်ကျော် ကမ်းပြိုတဲ့အထဲ ပါသွားပါတယ်။
2016-01-07
လာမယ့် ဇန်နဝါရီ ၈ ရက်၊ ၉ ရက် နေ့တွေမှာကျင်းပမယ့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ပြဿနာတွေကို ဖြေရှင်းမယ့် အစည်းအဝေးအတွက် အသေးစိတ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ ရှိတဲ့ အလုပ်သမားသင်တန်းကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-01-07
လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးအရေးယူတော့မယ်လို့ သိရပါတယ်။
2016-01-07
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၄ မှာရှိတဲ့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၂ဝဝ ကျော်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်မရ ရှိတာကြောင့် ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ်က ဗိုလ်စိန်မှန်ကွင်းကနေ တာမွေမြို့နယ် ကျိုက္ကဆံလူထု ဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
2016-01-07
ဇန်နဝါရီလ ၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မန်လုန်းကျေးရွာမှာ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်တာကြောင့် မန်လုန်းရွာခံ ၁ဝဝ ကျော်ဟာ နေရပ်စွန့်ခွာထွက်သွားနေကြ ပါတယ်။
2016-01-07
အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် တပ်တွေအကြား တိုက်ပွဲတွေရပ်တန့်ရေး အတွက် ရခိုင်ပြည်နယ် မြောက်ဦးမြို့က အောင်ဇေယျ ဘုရားမှာ ဒေသခံ ၅ဝဝ နီးပါးက ဒီနေ့ ဆုတောင်းပွဲ ကျင်းပကြပါတယ်။
2016-01-07
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ၊ ရွှေတဆုပ်ကျေးရွာမှာ စစ်တောင်းမြစ် ကမ်းပြိုမှုကြောင့် နေအိမ် ၁၃ဝ ကျော် ပျက်စီးပြီး လူဦးရေ ၆ဝဝ ကျော်လောက် ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။
2016-01-07
ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2016-01-07
တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရွှေ့ဆိုင်းပေးဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ဇန်နဝါရီလ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက် ပါတယ်။