သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-08
ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ပြောင်းစိုက်တောင်သူတွေဆီ လာကောက် တဲ့ ပြောင်းဈေးနှုန်းနဲ့ ကုန်စည်ဒိုင်ပေါက်ဈေး ကွာဟနေတဲ့အပြင် ပြောင်းဖူးခင်းကို ကြွက်ဖျက် တာတွေ ရှိခဲ့တဲ့အတွက် ဒီနှစ်မှာ တောင်သူတွေ အရှုံးပေါ်နေပါတယ်။
2016-01-08
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် Arakan Army အကြားတိုက်ပွဲတွေကြောင့် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ ကျေးရွာစွန့်ခွာပြီး ထွက်ပြေး ကြတဲ့ ဒုက္ခသည်တွေ များလာနေပါတယ်။
2016-01-08
ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ရန်ကုန်မြို့ ပြည်လမ်းက Novotel Hotel မှာ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။
2016-01-08
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးမှာ ဒီကနေ့မနက် ၂ နာရီခန့်က မီးစတင် လောင်ကျွမ်းခဲ့ပြီး ယခုအချိန်ထိ ငြိမ်းသတ်နေရဆဲဖြစ်ပါတယ်။
2016-01-08
မန္တလေးတိုင်းဒေသကြီး ငန်းဇွန် ၊ တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တို့က ကျေးရွာ အတော်များများမှာ ခြင်္သေ့ပုံနဲ့ "ပြည်ခိုင်ဖြိုးရွာ" လို့ နာမည် တပ်ထားတဲ့ ကျောက်တိုင်တွေကို သက်ဆိုင်ရာမြို့နယ် အလိုက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ တာဝန်ရှိသူတွေက လိုက်လံဖျက်သိမ်းနေတယ်လို့ သိရပါတယ်။
2016-01-08
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၂ဦးက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၂ဦးကို ကန့်ကွက်ရာမှာ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး မဘသ အဖွဲ့ကို စွပ်စွဲထားတယ်ဆိုပြီး မဘသအဖွဲ့ကို တောင်းပန်ဖို့ မဘသအဖွဲ့မြို့နယ်အဆင့်က အန်အယ်လ်ဒီပါတီဝင် ၂ဦးထံ စာပေးပို့ထားပါတယ်။
2016-01-08
အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိတဲ့ ပြည်နယ်တွေမှာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ အမေရိ ကန်ဒေါ်လာ ၂၁ သန်း လိုအပ်နေတယ်လို့ မြန်မာငြိမ်း ချမ်းရေးစင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။
2016-01-08
ထိုင်းနိုင်ငံကို မြန်မာ အလုပ်သမားတွေ စေလွှတ်ရာမှာ ကျွမ်းကျင်မှုသင်တန်းတွေပေး ဖို့၊ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သွားတဲ့ အလုပ် သမားတွေ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရဖို့နဲ့ မြန် မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် ထိုင်း-မြန်မာ ရွှေ့ပြောင်းအလုပ်သမား အရေး ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
2016-01-08
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကြိုးစားနေချိန်မှာ ရက္ခိုင့်တပ်မတော် AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ဆောင်ရွက်နေကြောင်းနဲ့ AA အဖွဲ့ကို အပြီးတိုင်ရှင်းလင်းတိုက်ခိုက် ချေမှုန်းသွားမှာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-01-08
ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တပ်တွေ အကြား စစ်ရေးပဋိပက္ခမဖြစ်အောင် စောင့် ကြည့်နိုင်ဖို့အတွက် ဇန်နဝါရီ ၇ ရက်နေ့ မနေ့က ကနေ ဒီကနေ့ အထိ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြ ပါတယ်။
2016-01-08
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းက ပြည်ခိုင်ဖြိုးရွာလို့ နာမည်တပ်ထားတဲ့ ကျေးရွာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြို့နယ်ပါတီတာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြန်လည်ဖြုတ်သိမ်းနေပါတယ်။
2016-01-08
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ အနိုင်ရ ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီကိုယ်စားလှယ် ၂ ဦး ကို ကန့်ကွက်စာတင်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ၂ ဦးဟာ မြို့နယ် မဘသ အဖွဲ့နဲ့ပတ်သက်ပြီး မဟုတ်မမှန်တာတွေ စွပ်စွဲထား တဲ့အတွက်ဆိုပြီး မဘသအဖွဲ့က ၁၅ ရက် အတွင်း ပြန်လည်တောင်းပန်ဖို့ စာပို့ထားပါတယ်။
2016-01-08
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေဟာ ရန်ကုန်မြို့ ပြည်လမ်းက NOVOTEL Hotel မှာ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။
2016-01-08
မန္တလေးတိုင်းဒေသကြီး မန္တလေးနဲ့ ပြင်ဦးလွင်ကိုသွားတဲ့ ဖြတ်လမ်းအသစ်ဖောက်လုပ်နေမှု ကို ဒေသခံပြည်သူတွေက တားမြစ်လိုက်တဲ့အတွက် စီမံကိန်းကို ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
2016-01-08
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၄ မှာရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချူပ်စက်ရုံ အလုပ်သမား ၂ ရာကျော်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် နိုနင်ဘာလအတွက် လုပ်ခလစာ မရတဲ့အတွက် ဒီကနေ့ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းကနေ ကျိုက္ကစံဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။