မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး
2016.01.08
ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ရန်ကုန်မြို့ ပြည်လမ်းက Novotel Hotel မှာ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။ မြန်မာအစိုးရဘက်က ဦးဆောင်ဆွေးနွေး ခဲ့တဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကို RFA သတင်းထောက် ကိုဘုန်းမြတ် က တွေ့ဆုံမေးမြန်းထားပါတယ်။