ဒေါ်လာ ၂၁ သန်း လိုအပ်နေကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ ပြောကြား
2016.01.08

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ပြည်နယ်တွေမှာ ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ အမေရိကန်ဒေါ်လာ ၂၁ သန်း လိုအပ်နေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ရွှေလီလမ်းမှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ဝင်တွေ နှစ်ရက် ကြာဆွေးနွေးပွဲအပြီးမှာ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအရာရှိ ဒေါက်တာမင်းဇော်ဦးက ပြောတာဖြစ် ပါတယ်။
"လုပ်ငန်းကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ကျနော်တို့သိပြီ၊ ဘယ်လို့ ဖွဲ့စည်းပုံတွေ ထားမယ်ဆိုတာ သိပြီ၊ ဘယ်လောက်ကုန်ကျသလဲဆိုတာ တွက်တာသိပြီဆိုတော့ အဲဒီ့ဟာတွေကို ဘယ်လိုပုံစံမျိုးနဲ့ လိုအပ် တဲ့ငွေကြေးဘတ်ဂျက်ကို ရအောင်လုပ်မလဲဆိုတာ နိုင်ငံတကာကလည်းဖြစ်မယ် ပြင်တွင်းမှာလည်းဖြစ်နိုင် တယ်ပေါ့နော်၊ အခုကတော့ နိုင်ငံတကာကို အဓိကပြောထားပြီးပြီ"
အဲဒီအမေရိကန်ဒေါ်လာ ၂၁ သန်းဟာ ၃ နှစ်အတွက် လျာထားတာဖြစ်ပြီး တစ်နှစ်ကို အမေရိကန် ၇ သန်းကနေ ၈ သန်းအထိ ကုန်ကျမှာဖြစ်ပြီး ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ JMC အတွက် အဆောက်အအုံဆောက်လုပ်ဖို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်အဆင့် JMC အဖွဲ့ကို ရှမ်းပြည်နယ် ခိုလန်မြို့မှာ မနက်ဖြန်ကနေ စတင်ဖွဲ့စည်းမှာဖြစ်သလို ရှမ်းပြည် ပြန်လည်ထူးထောင်ရေးကော်စီ RCSS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံကြမှာဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့်ဖွဲ့စည်းထားတဲ့ JMC အဖွဲ့ဝင်တွေ လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာ ၂၁ သန်းရရှိရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။