မင်္ဂလာဈေး မီးလောင်ဆဲ
2016.01.08

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးမှာ ဒီကနေ့မနက် ၂ နာရီခန့်က မီးစတင် လောင်ကျွမ်းခဲ့ပြီး ယခုအချိန်ထိ ငြိမ်းသတ်နေရဆဲဖြစ်ပါတယ်။
ဒီကနေ့မနက် ၄ နာရီက မင်္ဂလာဈေးကို ရောက်ရှိသတင်းယူနေတဲ့ RFA အဖွဲ့သား ဦးဝင်းနိုင်က စားသောက်ဆိုင် ကနေ စတင်လောင်ကျွမ်း တယ်လို့ ရပ်ကွက်လူထုကပြောဆိုကြောင်းနဲ့ မီးသတ်ကား ၅ဝ ခန့်တွေ့ရကြောင်း ပြော ပါတယ်။
"၃ ထပ်ရော၊ ၄ ထပ်ရော မီးခိုးလုံးတွေက တော်တော်ကိုအခြေအနေဆိုးနေတယ်၊ မီးသတ်ကား အစီး လေးငါးဆယ်လောက်ရှိတယ်၊ အဲ့ဒီ ၃ ထပ်က ဘီယာဆိုင်တွေရှိတယ်တဲ့၊ ဘီယာဆိုင်က စလောင်တာဆိုတော့ ဘီယာဘားက တော်တော်ကြီးတဲ့အတွက် ညဘက်ဆို ည ၁၂ နာရီလောက်မှပိတ်တဲ့ ဘီယာဘားတဲ့၊ အဲ့ဒီမှာ သီချင်းတွေဖွင့်ဘာဖွင့် ဘေးအိမ်တွေက တော်တော်ကို မကြိုက်ဘူးပေါ့ဗျာ၊ အဲ့လိုမျိုး သီချင်းတွေဘာတွေဖွင့်တော့၊ အဲ့နေရာက စလောင်တာလို့ပြောတယ်"
မြန်မာနိုင်ငံမီးသတ်ဖွဲ့ရဲ့ မနက် ၄ နာရီ ထုတ်ပြန်ချက်မှာတော့ ဈေးအနီးရှိ တခြား အဆောက်အဦး တွေကို မီးကူးစက်ခြင်းမရှိအောင် ကြိုးစားတားဆီးနေကြောင်းနဲ့ မီးသတ်သမားတချို့ ဒဏ်ရာ ရကြောင်း ဖေါ်ပြ ထားပါတယ်။
မင်္ဂလာဈေးမီးလောင်မှုကို သွားရောက်သတင်းယူခဲ့တဲ့ RFA အဖွဲ့သား ဦးဝင်းနိုင်ကို ဦးခင်မောင်စိုးက မနက် ၄ နာရီခန့်မှာ အခုလိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။