သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-05
လူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2018-01-05
အလုပ်သမားတွေအတွက် တစ်နေ့တာ အနည်းဆုံးအခကြေးငွေကို ကျပ် ၄၈၀၀ သတ်မှတ်ကြောင်း အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ကြေညာချက်ထုတ်လိုက်တဲ့နေ့မှာပဲ ကန့်ကွက်မယ်ဆိုတဲ့သူတွေ ပေါ်ပေါက်လာပါတယ်။
2018-01-05
အရက်သေစာနဲ့ ကင်ဆာဖြစ်ပွားမှုဆက်စပ်ပုံကို ဗြိတိန် သုတေသနပညာရှင်တွေက ဗုဒ္ဓဟူနေ့မှာ ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။
2018-01-05
ကချင်အမျိုးသားအစည်းအရုံး KNO က မြန်မာ့တပ်မတော်ရဲ့ ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူ့အခွင့်အရေးချိုးဖေါက်နေတာတွေကို ရှုတ်ချကြောင်းနဲ့ လက်ရှိအစိုးရကလည်း တပ်မတော်ရဲ့လုပ်ရပ်တွေကို ကာကွယ်ပေးနေကြောင်း မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။
2018-01-05
မနေ့က ကျရောက်ခဲ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် မထုတ်ပြန်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ မသင်းသီရိ က ဆက်ပြောပြမှာပါ။
2018-01-05
အလုပ်သမားတွေအတွက် တစ်နေ့တာ အနည်းဆုံးအခကြေးငွေကို ကျပ် ၄၈၀၀ သတ်မှတ်ကြောင်း အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ကြေညာချက်ထုတ်လိုက်တဲ့နေ့မှာပဲ ကန့်ကွက်မယ် ဆိုတဲ့သူတွေ ပေါ်ပေါက်လာပါတယ်။
2018-01-05
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုကနေ မောင်တောမြို့ဘက်ကို တပ်မတော်သားတွေ စီးနင်းလာတဲ့ကားဟာ ဒီနေ့မနက်က တရိမ်းကျေးရွာနဲ့ ကျွန်းပေါက်ကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ အတွက် ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်မတော် သား ၆ ဦးနဲ့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2018-01-05
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲ့ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက် SEA နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ Palm Spring Resort Hotel မှာ ဒီကနေ့ ပြုလုပ်နေချိန်မှာ မြစ်ဆုံဒေသခံအချို့က မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း အဲဒီဟိုတယ်ရှေ့မှာ ဆန္ဒပြကြပါတယ်။
2018-01-05
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့မှာ ဦးဆောင်ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၉ နဲ့ အမှုဖွင့်တရားစွဲထားရသူ ၅ ယောက်ကို ဒီကနေ့ လွိုင်ကော်မြို့နယ် တရားရုံးမှာ ရုံးထုတ်ရာမှာ တရားသူကြီးက ထိုးခိုင်းတဲ့ ခံဝန်ကတိကို မထိုးတာကြောင့် ဖမ်းဆီးထားဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
2018-01-05
ဟာသ သရုပ်ဆောင် အောင်ရဲထွေး (ခ) ရဲထွေးအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိထားသူ ၃ ယောက်ကို ဒီကနေ့ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ရယူခဲ့ပြီး နောက် ထပ်ရုံးချိန်းကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
2018-01-05
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်အကွာကနေ စတင်ပြီး ၂၀၁၇ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၁၈ ဇန်နဝါရီလ ၃ ရက်နေ့အထိ နယ်မြေလုံခြုံရေးဆောင် ရွက်ခဲ့ရာမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ စခန်းငယ် ၁၈ ခုနဲ့ အဓိက စခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
2018-01-05
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်မောင်းဘွမ်ရွာအနီးက ဂျိတ်လင်းန် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံအဟောင်း မနေ့ညနေပိုင်းက ပြိုကျခဲ့တဲ့အတွက် ကျောက်ရှာနေတဲ့ ရေမဆေးသမား ၆ ယောက် သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2018-01-05
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ အစိုးရက စီစဉ်နေတာ နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2018-01-05
မကြာခင်ကျင်းပမယ့် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2018-01-04
ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်မှာ ခိုလှုံနေကြရတဲ့ ကလေးငယ်တွေထဲမှာ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေလည်း ပါဝင်ပါတယ်။