စစ်ပြေးဒုက္ခသည်လေးတွေ ရဲ့ ပညာရေး


2018.01.04

ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်မှာ ခိုလှုံနေကြရတဲ့ ကလေးငယ်တွေထဲမှာ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေလည်း ပါဝင်ပါတယ်။ နယ်မြေအခြေအနေအရ နေရပ်မပြန်နိုင်သေးရင် မြို့ပေါ်က စာသင်ကျောင်းတွေမှာ ဒီကလေးတွေ ပညာသင်ကြားနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ကျောက်မဲမြို့က ပညာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကျောက်မဲမြို့ရောက် စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို RFAသတင်းထောက် ကိုကံသာက ကျောက်မဲမြို့ ကနေသတင်းပေးပို့ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။