သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-08
ရှမ်းပြည်နယ်အတွင်း ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က ဟန့်တားတာတွေရှိခဲ့တဲ့အတွက် လာမယ့်ဇန်နဝါရီလ ၁၂ ကနေ ၁၄ ရက်နေ့ အထိ လင်းခေးမြို့မှာပြုလုပ်မယ့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2018-01-08
လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စတင်ကျင်းပမယ့် မွန်ပြည်သူ့ညီလာခံ (မွန်နိုင်ငံရေး ညီလာခံ) ဟာ မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုတာကြောင့် အသိအမှတ်မပြုကြောင်းနဲ့ ပါတီ ကိုယ်စားလှယ်တွေ တက်ရောက်မှာမဟုတ်ကြောင်း မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က မနေ့က ရက်စွဲနဲ့ သီးခြားစီကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-01-07
မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်ဆိုတာ ခွဲမရ အမြဲယှဉ်တွဲနေပြီးတော့ မြန်မာနိုင်ငံက ၂၁ ရာစု မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်ရေးလုပ်ငန်းမှာ ပတ်သက်လှုပ်ရှားနေကြပုံတွေဟာ ၁၉ ရာစု အီတလီနိုင်ငံ စစ္စလီကျွန်းက ရာဇဝတ်ဂိုဏ်းတွေနဲ့ အလားသဏ္ဍာန်တူနေပုံကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-01-07
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်ရုံးမှာ ၂ဝ၁၈ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-01-07
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ အရေးပေါ် အစည်းအဝေးမှာ DDR/SSR လို့ ခေါ်တဲ့ တပ်ဖျက်သိ မ်းရေး၊ လက်နက်ဖြုတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ ကြပြီး တတိယအကြိမ် ၂၁ ပင်လုံညီလာခံကို ရွှေ့ဆိုင်းသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
2018-01-07
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို စစ်တွေမြို့၊ ပါတီဗဟိုဌာနချုပ်ရုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဒီနေ့အထိ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-01-07
သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ ပါတီဗဟိုဦးဆောင်ကော်မတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒီနေ့ ပြောပါတယ်။
2018-01-07
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ နမ့်ခွမ်းရွာမှာ တပ်မတော်နဲ့တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA တပ်တွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာဘုန်း ကြီးကျောင်းကို လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီးနှစ်ဦး ဒဏ်ရာရှိခဲ့ပါတယ်။
2018-01-07
မြန်မာ- ကိုရီးယားချစ်ကြည်ရေးအနေနဲ့ တည်ဆောက်မယ့် ရန်ကုန်-ဒလ တံတားစီမံကိန်းကို လာမယ့် ဖေဖော်ဝါရီလ အတွင်း စတင်တော့မှာဖြစ်တာကြောင့် စီမံကိန်းနဲ့မလွတ်ကင်းတဲ့ ဆိုင်ခန်းတွေနဲ့ နေအိမ်တွေ ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက အကြောင်းကြားလိုက်ပါတယ်။
2018-01-07
ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ကို ပါတီကနေ နုတ်ထွက်ခွင့်မပြုသေးဘဲ ဥက္ကဌနေရာနဲ့ တာဝန် ကို ရပ်ဆိုင်းထားဖို့ ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-01-07
နိုင်ငံရေးသဘောတူညီချက်တွေရရှိဖို့ မဆွေးနွေးနိုင်သေးဘဲ DDR ခေါ် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက် သိမ်းရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို မလုပ်နိုင်သေးကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-01-07
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ရိုက်တာသတင်းဌာနက မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ လွတ်မြောက်ရေးအတွက် လူဦးရေ ၂၀ နီးပါးက ဒီကနေ့ ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းခဲ့ကြပါတယ်။
2018-01-07
ဇန်နဝါရီလ ၆ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " မြောက်ပိုင်းက တိုက်ပွဲများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးမောင်မောင်စိုး ( နိုင်ငံရေး လေ့လာသုံးသပ်သူ ) နဲ့ စိုင်းကျော်ညွန့် (တွဲဖက်အထွေထွေအတွင်းရေးမှူး - ၂ (SNLD ပါတီ)) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2018-01-07
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ မကြာမီပြင်ဆင်သွားမယ်လို့ ကော်မရှင်တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နှုတ်တင်ပြထားပါတယ်။
2018-01-06
ဇန်နဝါရီလ ၄ ရက်နေ့ကစပြီး မနက်ဖြန် ဇန်နဝါရီလ ၇ ရက်နေ့အထိ ကျင်းပနေတဲ့ ရခိုင်အမျိုးသားပါတီရဲ့ စတုတ္တအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်ချချ ရခိုင်အမျိုးသားပါတီ ဥက္ကဌရာထူးနဲ့ ပါတီအဝင်အဖြစ်ကနေ နုတ်ထွက် မှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါ တယ်။