လက်နက်ဖြုတ်သိမ်းရေး KNU ဒုတိယဥက္ကဌနဲ့ မေးမြန်းချက်
2018.01.07
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ အရေးပေါ် အစည်းအဝေးမှာ DDR/SSR လို့ ခေါ်တဲ့ တပ်ဖျက်သိမ်းရေး၊ လက်နက်ဖြုတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး တတိယအကြိမ် ၂၁ ပင်လုံညီလာခံကို ရွှေ့ဆိုင်းသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
KNLA ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဌ ပဒို စောကွယ်ထူးဝင်းကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။