သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-09
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက် ပိုင်းက KIA နဲ့အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေထိန်းချုပ်ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအတော့်ကိုနည်းနေ ပြီး၊ ဒေသခံလူမှုရေးအဖွဲ့တွေအနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေအနေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။
2015-01-09
သမ္မတအိမ်တော်မှာ ဒုတိယအကြိမ် နိုင်ငံရေးတွေ ဆုံဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီလ ၁၂ ရက် တနင်္လာနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်၊
2015-01-09
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလ ၁၄ ရက်နေ့ နေပြည်တော်မှာ ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင် အထည်ဖော်မှုကော်မတီ၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့က ဗဟိုအလုပ် အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
2015-01-09
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံခွင့် ရဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှာ စောင့် ဆိုင်းနေတဲ့ မုံရွာမြို့နယ် အိုးဘိုထောင်ရပ်ကွက်က ဒေသခံ ၂၀ ဦးကို မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူးက တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ မနေ့က အမှုဖွင့်လိုက် ပါတယ်။
2015-01-09
အပတ်စဉ်ထုတ် The Trade Times ဂျာနယ်မှာ "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌနေရာ အတွက်သာ ကြိုးစားမယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဖော်ပြချက်ဟာ မှန်ကန်မှု မရှိကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-01-09
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် အတွင်းမှာ သိမ်းဆည်းခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင်ကုမ္ပဏီ က လျော်ကြေးငွေထုတ်ပေးမှာကို တောင်သူ ၂ဝဝ ကျော်က လက်မခံကြဘူးလို့ သိရပါတယ်။
2015-01-09
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ Ms. Yanghee Lee ဟာ မြေပုံမြို့ကို ဒီနေ့ သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။
2015-01-09
မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင် ရာ ဆွေးနွေးပွဲတစ်ခုကို အခုဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပ မှာဖြစ်ပြီး အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။
2015-01-09
ဒီလ ၁၂ ရက်နေ့မှာ နေပြည်တော်က သမ္မတ အိမ်တော်မှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စတွေကို ဆွေးနွေး ဖို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို နိုင်ငံတော်သမ္မတက ဖိတ်ကြားထား ပါတယ်။
2015-01-09
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ ၂ရက်ကြာ တွေ့ဆုံခဲ့တဲ့ အရပ် ဘက် လူမှုအဖဲ့ွအစည်းကိုယ်စားလှယ်တွေက ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2015-01-09
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိလာတဲ့ ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms.Yanghee Lee ကို စစ်တွေမြို့ဒေ သခံ တစ်ထောင်ကျော်က စစ်တွေလေဆိပ်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-01-09
နိုင်ငံသားမဟုတ်သူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အချိန် ၂လ တိုးပေးလိုက်ပါတယ်။
2015-01-08
မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ အတွက် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်မှာ အမျိုးသမီးတွေ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ဖို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ BWU ရဲ့ သတ္တမအကြိမ် ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။
2015-01-08
အစိုးရက အသစ်ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီကို ဦးဆောင်ခွင့်ရထားသူဟာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီး တရားစွဲထောင်ချနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ကပဲ ဖြစ်နေတဲ့အတွက် စိုးရိမ် စရာဖြစ်တယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က ပြောပါတယ်။
2015-01-08
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ဗြိတိန်အနေနဲ့ ပိုမိုအားပေးကူညီသွားမှာဖြစ်သလို၊ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင်လည်း တွန်းအားပေးသွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရဝန်ကြီးချုပ် ရုံးဝန်ကြီး Hugo Swire က မနေ့က နေ့စွဲနဲ့ ကြေညာ ချက် နှစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။