သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-15
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ အေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့ ဒီနေ့မနက် ၆နာရီကစပြီး တိုက်ပွဲ ဖြစ်ပွားနေ ပါတယ်။ အဲဒီတိုက်ပွဲကြောင့် ဖားကန့်မြို့နယ် သန်းခေါင်၊ ငှက်ပျောတော နဲ့ အောင်ဘာလေ ကျေး ရွာတွေက ရွာသား ၂၀၀၀ လောက် နှစ်ဘက် ပစ်ခတ်မှုအကြားမှာ ပိတ်မိနေတယ် လို့သိရပါတယ်။
2015-01-15
အမေရိကန် ဆိုနီရုပ်ရှင်ကုမ္ပဏီက မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကို သရော်လှောင်ပြောင် ရိုက်ကူးထားတဲ့ The Interview ဆိုတဲ့ ရုပ်ရှင်ကား ဇာတ်လမ်း ခွေတွေကို ရန်ကုန် မြို့မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က လိုက်လံသိမ်းဆည်းနေတာ ဟာ မြောက်ကိုရီးယားရဲ့ဖိအားကြောင့်ဖြစ်တယ်လို့ သတင်း မီဒီ ယာတွေက ပြောဆိုကြ ကြောင်း ရိုက်တာ သတင်း က ဖေါ်ပြပါတယ်။
2015-01-15
လူထုလူတန်းစားအလွှာအသီးသီးရဲ့ လက်ရှိအခက်အခဲတွေဖေါ် ထုတ်ဆွေးနွေးမယ့် လူထုစည်းဝေးပွဲ တစ်ရပ်ကို မန္တလေးမြို့မှာ ဒီနေ့သောကြာနေ့ မှာကျင်းပကြမယ်လို့သိရပါတယ်။
2015-01-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲကို Iron Cross တီးဝိုင်းနဲ့အတူ မန္တလေးမြို့ Mandalay Hill ဟိုတယ် မှာ ၂၀၁၅ ဇန်နဝါရီလ (၁၄)ရက် မနေ့ညက ကျင်းပ ခဲ့ပါတယ်။
2015-01-15
ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် တေးသီချင်းခွေ ဖြန့်ချီပွဲ မိတ်ဆက်အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက HOME Media ခန်းမမှာ ၂၀၁၅ ဇန်နဝါရီလ(၁၅)ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2015-01-15
စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံနေရတဲ့ စာရေးဆရာထင်လင်းဦး ဟာ ၂၀၁၅ ဇန်နဝါရီလ(၁၅)ရက် ဒီနေ့ ငါးကြိမ်မြောက်ရုံးချိန်းအပြီးမှာ ချောင်းဦးမြို့ မဟာဓမ္မာရံ ုပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဦးဆောင်တဲ့ သံဃာတော်တွေကို ကန်တော့ တောင်းပန်ခဲ့ပါတယ်။
2015-01-15
မကွေးမြို့က ဆေးတက္ကသိုလ်အတွက် ကုတင် ၂ ရာဆန့် သင်ကြားရေးဆေးရုံ ခြံစည်းရိုးခတ်ရာမှာ မြေသိမ်းခံထားရတဲ့ တောင်သူတွေက ကန့်ကွက်နေကြပါတယ်။ RFA သတင်းထောက်ကိုဇော်တူး က တင်ပြထားပါတယ်။
2015-01-15
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က တကောင်းတောင်တန်းပေါ်မှာ တနိုင်တပိုင် ကျောက်တူးဖော် သူတွေဟာ တကောင်းတောင် နီကယ်စီမံကိန်းလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီရဲ့ပိတ်ပင်မှုကြောင့် နေရာ အကန့်အသတ်နဲ့ တူးဖော်နေကြရပါတယ်။
2015-01-15
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ လုံခြုံရေးလိုက်ပါခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံ တောင်ကြောပေါ်မှာ မနေ့က စစ်ဆေးထိန်းသိမ်းခဲ့ပါတယ်။
2015-01-15
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် House of Media Entertainment က စီစဉ်ဖြန့်ချိ မယ့် တေးသီချင်းခွေ မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ HOME ခန်းမမှာ ကျင်းပ ခဲ့ပါတယ်။
2015-01-15
ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာမှာ အမှတ် ၁၄ တန်းမြင့် သင်တန်းကျောင်းက လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေတာကို စစ်ဘက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ညှိုနှိုင်းဆွေးနွေးပြီးဖြစ်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။
2015-01-15
သာသနာညှိးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးက ချောင်းဦးမြို့ နယ် တရားရုံးအနီးမှာရှိတဲ့ ကမ္ဘာအေးဆုတောင်းပြည့် ရဲတပ် ဖွဲ့ဓမ္မာရုံမှာ မြို့နယ်မဟာဓမ္မာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဥူးဝရသဗ္ဗောဓိ ဦးဆောင်တဲ့ သံဃာတော်အပါး ၃၀ နီးပါးကို ဒီနေ့ ကန်တော့တောင်းပန်ခဲ့ပါတယ်။
2015-01-15
ရန်ကုန်မြို့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်ရေး" ခေါင်း စဉ်နဲ့ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT နဲ့ World Monuments Fund တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကမ်းနားလမ်းက Strand Hotel မှာ ဒီနေ့ စတင်ကျင်းပ ပါတယ်။
2015-01-15
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေး ရွာအနီးမှာ တပ်မ ၆၆ လက်အောက်ခံ အစိုးရတပ်တွေနဲ့ ကေအိုင်အေ တပ်ရင်း ၆ အကြား ဒီနေ့ မနက်ကစပြီး လက်ရှိ အချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတွက် ဒေသခံ ရွာသား ၂၀၀၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။
2015-01-14
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ အတွင်း တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဆားလင်း ကြီးမြို့နယ်မှာ ၅ရက်ကြာ သွားရောက်စုံစမ်း စစ်ဆေးခဲ့ပါတယ်။