လူထု ညီလာခံ မန္တလေးမှာ ကျင်းပမည်


2015.01.15
mdy-rally-305.jpg လယ်သမား၊ အလုပ်သမား၊ ကျောင်းသူကျောင်းသားတွေနဲ့ သံဃာတော်တွေ စုပေါင်းပြီး ဒေသဆိုင်ရာ လူထုစည်းဝေးပွဲ တစ်ခုကို မန္တလေးမြို့ ဦးပွားဆုတောင်းပြည့်ဘုရားဝင်းမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်စဉ်
Photo: Hset Paing Toe/RFA

လူထုလူတန်းစား အလွှာအသီးသီးရဲ့ လက်ရှိအခက် အခဲတွေဖေါ်ထုတ်ဆွေးနွေးမယ့် လူထုစည်းဝေးပွဲ တစ်ရပ်ကို မန္တလေးမြို့မှာ ဒီနေ့သောကြာနေ့မှာ ကျင်းပကြမယ်လို့ သိရပါတယ်။

ဒီပွဲဟာ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေ ဆွေးနွေး တိုင်ပင်ကြမယ့်ပွဲဖြစ်လို့ ထောက်ခံတဲ့အနေနဲ့ ကူညီပံ့ ပိုးနေတာဖြစ်တယ်လို့ လူထုစည်းဝေးပွဲရဲ့ ပြန်ကြားရေး အဖွဲ့ဝင် သံဃာတော် ဦးရေဝတ က RFA ကို မိန့်ပါတယ်။

"လယ်သမားတွေက လယ်သမားခံစားချက်ရယ် ၊ ကျောင်းသားတွေက ကျောင်းသား ခံစားချက်ရယ်၊ အလုပ် သမားက အလုပ်သမားခံစားချက်ပေါ့ဗျာ၊ သူတို့ရဲ့ခံစားချက်ကို ဖွင့်ပြတာပေါ့၊ ဦးဇင်းတို့က ဦးစီးတာတော့ မဟုတ်ဘူး၊ ဦးဇင်းတို့က ဒီလုပ်ရပ် က မှန်ကန် တယ်ဆိုတာ အများပြည်သူပြောတာကို ဦးဇင်းတို့ကထောက်ခံ ပြီးတော့ ပါဝင်ကူညီပံ့ပိုး ပေး တာပေါ့"

ဒီစည်းဝေးပွဲကို ကျင်းပမယ့်နေရာအတွက် လက်မခံဖို့ အာဏာပိုင်တချို့က ဆရာတော် တွေကို ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ဒါပေမဲ့ စီစဉ်သူ အဖွဲ့ အစည်းတွေနဲ့ ပံ့ပိုးသူ တွေက မဖြစ်ဖြစ်အောင်ကျင်းပမယ်လို့ ပြောပါတယ်။

ဒီစည်းဝေးပွဲတက်ရောက်ဖို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံတွေလည်း မနေ့ညက မန္တလေးကို ရောက်နေ ပြီလို့သိရပါတယ်။

မန္တလေးမြို့မှာ ဒီနေ့ကျင်းပမယ့် လူထုစည်းဝေးပွဲ နဲ့ပတ်သက်လို့ ပြန်ကြားရေးအဖွဲ့ဝင် သံဃာတော် ဦးရေဝတ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။