သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-02
Eleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ဖမ်းဆီး စစ်ဆေးနေတဲ့ KTV ဆိုင်ဝန်ထမ်း ၂ ဦးကို ဒီနေ့ ပြန် လွှတ်ပေးလိုက်ပါတယ်။
2017-01-02
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နမ္မတူမြို့ နယ်မှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၅ ခုက ဒုက္ခသည် ၁၂၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေကြောင်း နမ္မတမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ကြေညာ ချက်ထုတ်လိုက်ပါတယ်။
2017-01-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တိုင်းနဲ့ ပြည်နယ် ကိုယ်စားပြုလူငယ် ၁၈ ဦးနဲ့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးစကားဝိုင်း ကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
2017-01-01
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရရှိတဲ့ဘဏ္ဍာငွေထဲက ကျပ်သန်းပေါင်း တစ်သောင်းကျော်ကို လမ်းဖောက်လုပ်ခြင်း လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ ဥက္ကဌ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
2017-01-01
တောင်တန်းတွေဟာ မြေပြန့်ကိုပါသွယ်ဝိုက်အကျိုးပြုပြီး တောင်ကို အမှီသဟဲပြုလို့ လူသားတွေဘ၀ ရပ်တည်ကြရပါတယ်။ ကြေးနီထုတ်လုပ်ဖို့ပဲ အားသန်နေတဲ့ လက်ပံတောင်းတောင်တဝိုက်က တောင်တွေတည်နေပုံဟာ ဆန်းထွေလှပြီး သမိုင်းနဲ့ ယဉ်ကျေးမှုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နေရာတွေဖြစ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-01-01
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ သဒွတ်သျှိုကျေးရွာအုပ်စုက ရတနာ ရှင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ လုပ်ကွက်တစ်ခု မှာ ကျောက်တွင်းပြိုကျ ခဲ့တာကြောင့် အလုပ်သမား ၆ ဦး သေဆုံးခဲ့ပါတယ်။
2017-01-01
ပဲခူးတိုင်းဒေသကြီး အင်းမမြို့ သီရိ ရတနာရပ်ကွက်က ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိတဲ့ အောင်မင်္ဂလာဈေးမှာ မနေ့ညက မီးလောင်မှုကြောင့် ဆိုင်ခန်း ၈၀ ကျော် မီးလောင်ကျွမ်း ခဲ့ပါတယ်။
2017-01-01
Facebook မှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ပါတဲ့ မောင်တော်မြို့နယ်က မွတ်ဆ လင်တွေကို ရိုက်နှက်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို ဖမ်းဆီးထားပြီး ဆက်လက်စုံစမ်းစစ်ဆေးပြီး အရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2017-01-01
စစ်ပွဲတွေရပ်ပေးဖို့အတွက် များများပြောပေးကြဖို့ လိုအပ်ကြောင်းနဲ့ တချို့က နားလေးတဲ့အတွက် များများပြောပေးမှ ကြားမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
2017-01-01
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး ပြည်တွင်းပြည်ပ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝ ကို စာနာတဲ့အနေနဲ့ ငြိမ်းချမ်းရေး ရအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ လက်ရှိငြိမ်း ချမ်းရေး ဖြစ်စဉ်နှင့်ရှေ့အလားအလာ အစည်းအဝေးအပြီးမှာ UNFC ဒုဥက္ကဌ နိုင်ဟံသာ က တိုက်တွန်းပြောဆို လိုက်ပါတယ်။
2017-01-01
၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်းငြိမ်း ချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံ တဲ့ ပြည်ထောင် စုဖြစ်ပေါ်ရေး၊ ပြည်သူတွေရဲ့ လူနေမှု ဘဝတွေ တိုးတက်မြင့်မားရေး အတွက် ဆက်လက်ကြိုးပမ်း သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောပါ တယ်။
2017-01-01
ငြိမ်းချမ်းရေးပန်းတိုင်ကို တည့်တည့် မတ်မတ်ရောက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2017-01-01
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည် နယ်၊ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့ နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေသခံ မဟုတ်တဲ့ မူလတန်းပြဆရာမတွေဟာ လာမယ့် ဇန်နဝါရီလကစပြီး သူတို့ရဲ့ဇာတိမြို့ရွာတွေထံ မပြောင်းမနေရ တာဝန်ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။