မောင်တောမြို့နယ်က ကျောင်းဆရာမတွေကို ပြောင်းရွှေ့


2017.01.01

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေသခံမဟုတ်တဲ့ မူလတန်းပြဆရာမတွေဟာ လာမယ့် ဇန်နဝါရီလကစပြီး သူတို့ရဲ့ဇာတိမြို့ရွာတွေထံ မပြောင်းမနေရ တာဝန်ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။

မောင်တောမြို့နယ်အတွင်းက ဆရာမ ၁၈၀ ကျော်ကို စတင်ပြောင်းရွှေ့ပေးနေပြီဖြစ်တယ်လို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။ ဦးခင်အောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။