သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-22
ဗိုလ်ချုပ်အောင်ဆန်းဇာတိ နတ်မောက်မြို့မှာကျင်းပမဲ့ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားကို တက်ရောက်လာကြသူအားလုံးကို ပဲပြုတ်နဲ့ နံပြားကျွေးမွေးဖို့ စီစဉ်နေကြပါတယ်။
2015-01-22
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေတဲ့ ကျောင်းသားထုဟာ မနေ့က မန္တလေးမြို့ကနေ စတင်ထွက်ခွာလာရာမှာ ၂ဝ၁၅ ဇန်နဝါရီလ (၂၁) ရက် ဒီနေ့ မန္တလေးတိုင်း ပလိပ်မြို့ကနေ ကျောက်ဆည်မြို့ကို ဆက်လက်ချီတက်နေကြပါတယ်။
2015-01-21
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ခရိုင်၊ ကောင်းခါးကျေးရွာက ကျောင်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့က အမြန်ဆုံး အမှု မှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ နေပြည်တော် အထူးရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်။
2015-01-21
ကမ္ဘာ့နိုင်ငံပေါင်း ၂၉ဝ က လက်မှတ်ရေးထိုးထားတဲ့ ဓါတုလက်နက်ထုတ်လုပ်မှု ဖျက်သိမ်းရေး သဘောတူ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးဖို့ အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
2015-01-21
မြန်မာ့တပ်မတော်အနေနဲ့ တစ်ဖက်သတ် အာဏာသိမ်းမှာ မဟုတ်ပေမဲ့၊ တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ကြေညာရပြီ ဆိုရင်တော့ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်ဖို့ တုံန့်ဆိုင်းနေမှာ မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း စင်္ကာပူ အခြေစိုက် Channel News Asia သတင်းက ဖော်ပြပါတယ်။
2015-01-21
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ပွင့်ဆိုင်တွေ့ဆုံပွဲ၊ အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ လစာတိုးပေးဖို့ ကိစ္စတွေမှာ နိုင်ငံတော် သမ္မတ နဲ့ လွှတ်တော်အကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။
2015-01-21
လာမယ့်ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ် တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ လွှတ်တော်က ဆုံးဖြတ် ထားတာကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အဆုံးအဖြတ်ပေးဖို့ တင်ပြထားပါတယ်။
2015-01-21
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ညအိပ်ခိုလှုံခွင့်မပေးဖို့ ကျောက်ဆည်မြို့က ဆင်ဖြူတော် ဝပ်ကျောင်းတိုက်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။
2015-01-21
ကေအိုင်အေနဲ့ အစိုးရစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန်မြို့နယ်က ဒေသခံ နှစ်ထောင်၂၀၀၀ ကျော်လောက်ရဲ့ စားဝတ်နေရေးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူပေးမှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
2015-01-21
ပြည်နယ်တစ်ခုလုံးကို လာမယ့် ၂၀၁၆ ခုနှစ်မှာ လျှပ်စစ်ဓါတ်အားပေးနိုင်တော့ မယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး က ပြောပါတယ်။
2015-01-21
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကို လာမယ့် ဖေဖေါ်ဝါရီ လ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး သဘောတူလက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ NCCT ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် ဂွမ်မော်က ပြောဆိုလိုက်ပါတယ်။
2015-01-21
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုထားတာကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက အဲဒီ့စနစ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်ပေးဖို့ အခြေခံ ဥပဒေခုံရုံးထံ တင်ပြထားကြောင်း ဒီနေ့ လွှတ်တော်ထံ အသိပေးခဲ့ပါတယ်။
2015-01-21
၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေကို အကြံပြု တင်ပြကြဖို့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-01-21
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံလုံးဆိုင် ရာ ကျောင်းသားသပိတ်ဆင်နွဲဖို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။
2015-01-21
မကွေးတိုင်း နတ်မောက်မြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကျင်းပမယ့် “ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့်” အထိမ်းအမှတ်ပွဲတော်အတွက် မကွေးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူမှုအဖွဲ့အစည်း တွေ ပူးတွဲပြီး ပြင်ဆင်နေပါတယ်။