သပိတ်မှောက်ကျောင်း သားတွေ ကျောက်ဆည်မှာ ဖိအားပေးခံရ


2015.01.21
students-march-305.jpg အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။
Photo: Nay Thwae/RFA

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကြ တဲ့ ကျောင်းသူကျောင်းသားတွေကို ညအိပ်ခိုလှုံ ခွင့်မပေးဖို့ ကျောက်ဆည်မြို့က ဆင်ဖြူတော်ဝပ်ကျောင်း တိုက်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတိပေးထား ပါတယ်။

မနေ့က မန္တလေးမြို့ကနေ စတင်ထွက်ခွာလာတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသား တစ်ရာကျော် ဟာ ဒီနေ့ ကျောက်ဆည်မြို့ကို ရောက်ရှိပြီး ညအိပ် နားနေမှာ ဖြစ်ပါတယ်။ အခုလိုဖိအားပေးနေတဲ့အတွက် ဘုန်းကြီးကျောင်းမှာ ညမအိပ်တော့ဘူးလို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

"ကျနော်တို့ ကျောက်ဆည်မြို့မှာ ညအိပ်မယ်လို့ သတင်းတွေထုတ်ပြန်ထားတယ်၊ ကျနော်တို့ စဉ့်ကိုင်မြို့မရောက်ခင်မှာပဲ သတင်းကြားရတာက ကျနော်တို့ညအိပ်မယ်လို့ ကြိုတင်လျှောက်ထားတဲ့ ဘုန်းကြီးကျောင်းကို မြို့နယ်အာဏာပိုင်တွေက လာလျှောက်တယ်၊ ဒါခွင့်ပြုချက်တင်ပြီး ဆန္ဒပြသပိတ်မှောက်တာ မဟုတ်တဲ့အတွက် ဒီဟာကိုခွင့်မပြုဖို့ ဆရာတော်ကို လာခြိမ်းခြောက်တဲ့ပုံစံပြောတယ်၊ ဒါကြောင့် ကျနော်တို့ ညမအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်"

မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်းကနေ မနေ့က စတင်လမ်းလျှောက်ကြတဲ့ ကျောင်းသားကျောင်း သူတွေဟာ မနေ့ညက ပုလိပ်မြို့မှာ ညအိပ်နားခဲ့ကြပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ မြင်းခြံ၊ ပခုက္ကူ၊ မကွေးနဲ့ ပြည်မြို့တွေကို ဖြတ်သန်းပြီး ရန်ကုန်မြို့မှာ တနင်္သာရီတိုင်းဒေသကြီးဘက်က လာကြမယ့် ကျောင်း သူကျောင်းသားတွေနဲ့ ပူးပေါင်းကြမှာဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။