သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-07
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၆ ရက်နေ့ မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စာင် ထုတ်ပြန် ခဲ့ပါတယ်။
2017-01-06
ဇန်နဝါရီ ၆ ရက် မနေ့က မောင်တောမြို့ နယ် နတ်မြစ်အတွင်းမှာ လှေ ၁ စီးပေါ် ကနေ ငွေကျပ်သိန်း ၂ဝဝဝ (နှစ်ထောင်) ခန့်တန်ဖိုးရှိ (WY) စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရရှိခဲ့တယ် လို့ မြန်မာအစိုးရက ပြောပါတယ်။
2017-01-06
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီဟာ မနေ့ညနေက ဖြစ်ပွားတဲ့ယာဉ်တိုက်မှုကြောင့် ရန်ကုန်ဆေးရုံ ကြီးမှာ ကုသမှုခံယူနေရပါတယ်။
2017-01-06
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၏အထူးကွန်ယက် အဖွဲ့ခေါင်းဆောင်ဆိုပြီး ဝန်ကြီးချုပ် လက်မှတ်အတုထိုးပြီး လိမ်လည်ထားတဲ့ ဦးဟန်လင်း ဆိုသူကို ငပုတောမြို့နယ် ရဲစခန်းမှာဖမ်းဆီးစစ်ဆေးနေ ပါတယ်။
2017-01-06
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် ၆ မြို့နယ်ကနေ ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ စည်ပင်သာ ယာရေးကော်မတီဝင် ၆ ဦးနဲ့ တိုင်းဒေသ ကြီး အစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်တဲ့ပညာရှင် ၅ ဦး စုစုပေါင်း ၁၁ ဦးတို့ကို ကော်မတီဝင်တွေအဖြစ် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဒီကနေမှာ အတည်ပြုခန့်အပ်လိုက်ပါ တယ်။
2017-01-06
မလေးရှားနိုင်ငံ ဆာဒန်းမြို့မှာ အလုပ်ကပြန်လာ တဲ့ မြန်မာအလုပ်သမား ၁၃ ယောက်ကို လူတစ်စုက ဓားနဲ့ ဝင်ခုတ်တဲ့အတွက် အလုပ်သမား ၄ ယောက် နေရာမှာ တင်သေဆုံးပြီး ၃ ယောက် ကတော့ အတွင်းလူနာအနေနဲ့ ဆာဒန်းဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ မလေးရှားနိုင်ငံ ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်းက ဦးဆန်းဝင်းက ပြောပါတယ်။
2017-01-06
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် လောင်းပြည့်ကျေး ရွာနားမှာ ချင်းတွင်းမြစ်ထဲ ခုတ်မောင်းတဲ့ စိုးသူရအောင် လူစီးမော်တော်ရေယာဉ်နဲ့ ဂျိုးဝါ ကုန်တင်မော်တော်ရေယာဉ် တို့ မနေ့ည ၈ နာရီလောက်က တိုက်မိပြီး လူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါ တယ်။
2017-01-06
မြန်မာ - အိန္ဒိယ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ၂၀၁၆ ဒီဇင်ဘာ လကုန်ပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ် ခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့ကလည်း ဒေသခံ ၂ ယောက်ကို အမည်မသိသူ ၃ ယောက် က သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
2017-01-06
ကရင်ပြည်နယ် မြိုင်ကြီးငူဒေသက စစ်ဘေးရှောင်ဒုက္ခသည် ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာတွေ မလောက်မငဖြစ်နေကြရပြီး သူတို့နေရပ်ကိုလည်း မပြန်နိုင်ကြသေးတဲ့အတွက် ရိက္ခါလိုအပ် နေတယ်လို့ မြိုင်ကြီးငူ ဒုက္ခသည်စခန်းတာဝန်ခံ ဦးထွန်းက ပြောပါတယ်။
2017-01-05
အစ္စလာမ်တပ်မတော် ထူထောင်ပြီး နိုင်ငံတော် ပုန်ကန်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ထောင် ဒဏ်တသက်တကျွန်း ချမှတ်ခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ-ည နဲ့ မန္တလေး ခရိုင်တရားရုံးမှာ ဒီကနေ့ ထပ်ပြီး ရုံးထုတ်ခဲ့ပါတယ်။
2017-01-05
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်း ကျေးရွာအနီးမှာ ရုပ်ရှင် သရုပ်ဆောင်လွင်မိုး ဝယ်ယူထားတဲ့ မြေကွက်ဟာ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးစောနေဗလိုက သူပိုင်ဆိုင်တာဖြစ်ကြောင်း ပိုင်ဆိုင်မှု အထောက်အထားတွေနဲ့အတူ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-01-05
ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်က ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့နဲ့၊ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသားတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-01-05
ကျေးလက်ကျန်းမာရေး ဌာနခွဲကို ဒေသခံတွေ တောင်းဆိုတဲ့ ရွာမှာ ဖွင့်မပေးဘဲ လူဦးရေနည်းပါးပြီး သွားလာရခက်ခဲတဲ့ ကျေးရွာမှာ ဖွင့်ပေးလို့ဆိုပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကရဝေးကျေးရွာက ဒေသခံ ၂၀၀နီးပါးဟာ ဘီလင်းမြို့ပေါ်မှာ ဇန်နဝါရီလ ၅ရက်နေ့က ဆန္ဒပြကြပါတယ်။
2017-01-05
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ အသံသွင်းခဲ့တဲ့ “နိုင်ငံတော် သီချင်း” ဓာတ်ပြားအချပ်ရေ ၂၉ဝ နဲ့၊ ၁၇၇၁ ခုနှစ်က ရေးဆွဲထားတဲ့ အရှေ့တောင်အာရှ မြေပုံတွေ လှူဒါန်းတဲ့ အခမ်းအနားကို နေပြည်တော်က အမျိုးသားစာကြည့်တိုက်မှာ ဇန်နဝါရီလ (၅) ရက်နေ့ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-01-05
မောင်တောဒေသတွင်း တိုက်ခိုက်မှုတွေ ဟာ နိုင်ငံခြားနဲ့ အဆက်အစပ်ရှိတဲ့ အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ အချက်အေပေါ် မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာထဲ ထပ်မံ အတည်ပြုလိုက်ပြီး ရပ်ရွာတည်ငြိမ်အေး ချမ်းရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။