နတ်မြစ်အတွင်း ကျပ်သိန်း ၂ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိ


2017.01.06
maungtaw-drug-620.jpg မောင်တောမြို့နယ် နတ်မြစ်အတွင်းမှာ ငွေကျပ်သိန်း ၂ဝဝဝ (နှစ်ထောင်) ခန့်တန်ဖိုးရှိ (WY) စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရရှိတာကို တွေ့ရစဉ်
Photo: MRTV

ဇန်နဝါရီ ၆ ရက် မနေ့က မောင်တောမြို့နယ် နတ်မြစ်အတွင်းမှာ လှေ ၁ စီးပေါ်ကနေ ငွေကျပ်သိန်း ၂ဝဝဝ (နှစ်ထောင်) ခန့်တန်ဖိုးရှိ (WY) စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရရှိခဲ့တယ်လို့ မြန်မာအစိုးရ က ပြောပါတယ်။

နတ်မြစ်အတွင်း ကင်းလှည့်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက မနေ့ နံနက် ၄ နာရီခွဲခန့်မှာ တက်ချောင်းဝအနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လှော်ခတ်နေတဲ့ မသင်္ကာဖွယ် လက်ခတ်လောင်းလှေ ၁ စီးကို တွေ့ရှိလို့ လိုက်လံဖမ်းဆီးရာမှာ လှေပေါ်ပါသူတွေ ထွက်ပြေးသွားကြောင်းနဲ့  စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းခန့်ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။