သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-07
မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုက်နှက်ကန်ကျောက်တဲ့ အာဏာအလွဲသုံး စား အပြုအမူမျိုးကို ပုံမှန်လုပ်ကိုင်နေကျဖြစ်ပြီး သူတို့ကို အဲဒီလို လုပ်ခွင့်ပြုထားပုံလည်းရတယ်လို့ အမေရိကန် နိုင် ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski တွမ် မယ်လင်နော့စကီး က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2017-01-07
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်-မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတချို့မှာ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့အတွက် ဒုက္ခသည် တချို့ သေဆုံးနေ တဲ့ အကြောင်း အဲဒီစခန်းတွေကို သွားရောက်ခဲ့တဲ့ "အဖြူရောင် တွဲလက်များ" အဖွဲ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-01-07
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-01-07
Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့အပေါ် ရန်ကုန်တိုင်းအစိုးရက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ တရားစွဲထားတဲ့အမှုကို ဒီကနေ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာ တာမွေတရားရုံး က အာမ,ခံ ပေးလိုက်ပါတယ်။
2017-01-07
မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးမှာ ပါဝင်ဖို့ကျန်နေတဲ့ ကယားပြည်နယ်က လူငယ်တွေနဲ့ လူမှုဝန်ထမ်း-ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံပွဲကို ကယားပြည်နယ်မှာ မနေ့ကစပြီး ၂ ရက်ကြာ ကျင်းခဲ့ပါတယ်။
2017-01-07
ကုန်ပစ္စည်းထုတ်လုပ် ရောင်းချဖြန့်ဖြူးသူတွေအနေနဲ့ သက်ဆိုင်ရာဌာနအသီးသီးက ခွင့်ပြုထားတဲ့ ထောက်ခံချက်၊ လိုင်စင်နဲ့၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်တွေ မပါဘဲ ဆက်ပြီး ရောင်းချနေမယ်ဆိုရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားတော့မှာဖြစ်တယ်လို့ လားရှိုးမြို့က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2017-01-07
အစ္စလာမ်တပ်မတော် ထူထောင်ပြီး နိုင်ငံတော်ပုန်ကန်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရတဲ့အပြင်၊ အကြမ်းဖက်မှုဥပဒေ ပုဒ်မတွေနဲ့ပါ ထပ်ပြီး တရား ရင်ဆိုင်နေရတဲ့ မန္တလေးမြို့က ပန်းချီဆရာ ဦးဇော်မင်းထွေး အကြောင်းကို RFA သတင်းထောက် ကိုကောင်းထက်ကျော်က တင်ပြထားပါတယ်။
2017-01-07
ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ အကူ အညီပေးနေတယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် ဦးမင်းဌေးကို ဖမ်းဆီးလိုက်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေကို ထိခိုက်နိုင်တယ်လို့ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်း က ပြောပါတယ်။
2017-01-07
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် နန်စီပွန်ဒေသက ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ လုပ်ငန်းရှင်တွေ ဒီနေ့ ခန္တီးမြို့မှာ တွေ့ဆုံ ဖို့ ကျောက်မျက်ဌာနက တာဝန်ရှိသူတွေက ကြားဝင် ညှိနှိုင်းပေးခဲ့ပေမယ့် လုပ်ငန်းရှင်တွေက လာရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
2017-01-07
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထား တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျပ် သိန်း နှစ်ထောင် လှူဒါန်းဖို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ် လိုက်ပါတယ်။
2017-01-07
ဘင်္ဂလားဒေ့ရှ် - အိန္ဒိယနဲ့ မြန်မာနိုင်ငံနယ်စပ် တလျှောက်မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ငလျှင်တွေ လှုတ်ခတ်ခဲ့သလို ရန်ကုန်၊ ကချင်၊ ရှမ်း၊ စစ်ကိုင်း စတဲ့နေရာတွေမှာ ပြတ်ရွှေ့ကြောပေါင်းစုံ ကနေ အသေးစားငလျှင်တွေ ခပ်စိတ်စိတ် လှုပ်ခတ် ခဲ့ပါတယ်။
2017-01-07
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်အသစ်တွေအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ၆ ဦးနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်သူ ၅ ဦးကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်တွေအဖြစ် ဒီနေ့မှာ အတည်ပြုခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။
2017-01-07
ဆန်ကိုအဓိကထားစားသုံးတဲ့ မြန်မာနိုင်ငံမှာ ကျေး လက်နေ တောင်သူလယ်သမားဦးရေကလည်း ရာခိုင်နှုန်းအတော်များပါတယ်။ အခြေခံလူတန်းစား တရပ်ဖြစ်တဲ့ တောင်သူလယ်သမားတွေဟာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပေမယ့် စပါးဈေး ကျတဲ့အတွက် တောင်သူလယ်သမားဘဝနဲ့ ဆက် လက်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။
2017-01-07
ရခိုင်ပြည်နယ် မြောက်ပိုင်းကို မလေးရှားနိုင်ငံ NGO များက ထောက်ပံ့ရေးရေယာဉ်များစေလွှတ်တဲ့ ကိစ္စနဲ့ပတ် သက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိလူ့အသိုင်းအဝိုင်းနှစ်ခု အတွက် ခွဲခြားမှုမရှိဘဲ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီများ ပေးပ့ိုလျှင် မြန်မာနိုင်ငံက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမည်ဖြစ်တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန် ထားပါတယ်။
2017-01-07
ကွာလာလမ်ပူမြို့ကလာတဲ့ သတင်းတပုဒ်အရ မလေးရှားကနေ ရခိုင်ပြည်နယ်ကို သွားမယ့်“Food Flotilla For Myanmar” ရိက္ခာတင် သင်္ဘောအုပ်စုမှာ ထည့်သွင်းအသုံးပြုရေးအတွက် Nautical Aliya နော်တီကယ်အလီယာ ဆိုတဲ့ သင်္ဘောကို ဒီခရီးအတွက်ကမကထပြုလုပ်နေသူတွေ မနေ့က သွားရောက် စစ်ဆေးကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။