မြန်မာနိုင်ငံ မြေငလျှင်ကော်မတီ အတွင်းရေးမှူးနဲ့ မေးမြန်းချက်
2017.01.07
ဘင်္ဂလားဒေ့ရှ် - အိန္ဒိယနဲ့ မြန်မာနိုင်ငံနယ်စပ်တလျှောက်မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ငလျှင်တွေ လှုတ်ခတ်ခဲ့သလို ရန်ကုန်၊ ကချင်၊ ရှမ်း၊ စစ်ကိုင်း စတဲ့နေရာတွေမှာ ပြတ်ရွှေ့ကြောပေါင်းစုံကနေ အသေးစားငလျှင်တွေ ခပ်စိတ်စိတ် လှုပ်ခတ်ခဲ့ပါတယ်။
ငလျှင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် ငလျှင်ကြီးတွေဖြစ်လာမလားဆိုတာ သေချာပေါက် မပြောနိုင်ပေမယ့် ဒေသခံတွေအနေနဲ့ သတိထားဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံမြေငလျှင် ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့် က ပြောပါတယ်။
မြန်မာနိုင်ငံ မြေငလျှင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။