ခွင့်ပြုချက်မဲ့ ထောက်ပံ့ရေယာဉ်တွေ တားဆီးဖို့ မလေးရှားကို မြန်မာပြော


2017.01.07

ရခိုင်ပြည်နယ် မြောက်ပိုင်းကို မလေးရှားနိုင်ငံNGO များက ထောက်ပံ့ရေးရေယာဉ်များ စေလွှတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ
လူ့အသိုင်းအဝိုင်းနှစ်ခုအတွက် ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက်ထားတဲ့အကူအညီများ ပေးပ့ိုလျှင် မြန်မာနိုင်ငံက ဝမ်းမြောက်ဝမ်းသာ
ကြိုဆိုမည်ဖြစ်တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားအစိုးရအနေနဲ့လည်း မလေးရှားနိုင်ငံက NGO များ၊ မြန်မာအစိုးရရဲ့ခွင့်ပြုချက်မယူဘဲ အကူအညီအထောက်အပံ့ ရေယာဉ်များစေလွှတ်တာကို တားဆီးပေးဖို့ မလေးရှားသံရုံးကို အကြောင်းကြားထားတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့ကမြန်မာနိုင်ငံရှိ မလေးရှားသံရုံးကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ကို အထောက်အပံတွေပေးပို့လိုတဲ့ အာဆီယံနိုင်ငံများအနေနဲ့လျော်ကန်သင့်မြတ်တဲ့ သံတမန်လမ်းကြောင်းက တဆင့်အဆိုပြုချက်များ
တင်ပြဆောင်ရွက်ရန် အာဆီယံသံရုံးများကိုလည်း ဇန်နဝါရီလ ၂ ရက်နေ့ကအကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုလူသားခြင်းစာနာထောက်ထားတဲ့ အထောက်အပံ့ကူညီရေးပစ္စည်းများကိုအင်ဒိုနီးရှားနိုင်ငံကလည်း သံတမန်လမ်းကြောင်းကတဆင့်ဆောင်ရွက်ခဲ့ပြီး
အကူအညီများကို ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုင်းအဝိုင်း နှစ်ခုလုံးကိုထောက်ပံ့နိုင်ရေးမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အင်ဒိုနီးရှားသံရုံးနဲ့
အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်လို့ မလေးရှားနိုင်ငံအနေနဲ့လည်းအင်ဒိုနီးရှားနိုင်ငံကို ဥပမာယူဆောင်ရွယ်မယ်လို့ ယူဆတယ်လို့ ရေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။