သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-10
မြန်မာအစိုးရက ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အောင်မြင်ရေးအတွက် ရန်ပုံငွေ ပါဝင်လှူဒါန်းကြဖို့ ပြည်သူလူထုကို ဇန်နဝါရီ ၁ဝ ရက်နေ့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2017-01-10
အခြေခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ တောင်သူလယ်သမားတွေဟာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာပဲ စပါးဈေးကျတဲ့အတွက် ရပ်တည်ဖို့ခက်ခဲလာပါတယ်။
2017-01-10
နေပြည်တော်နားက မကွေး-ကန်ပြား-တောင်ညိုလမ်းမှာ မနေ့ညနေက ကားတစီးတိမ်းမှောက်လို့ လူ ၁၃ယောက်သေ ဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
2017-01-10
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ခန်လူးကျေးရွာက တောင်သူ ၂၁ ဦးကို စဉ့်ကိုင်မြို့နယ်တရားရုံးက ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။
2017-01-10
နိုင်ငံတော်က ဖော်ဆောင်နေတဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်အောင် ပြည်ထောင်စုစိတ်ဓါတ်နဲ့ တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ဒီကနေ့ ၆၉ နှစ်မြောက် ကချင်ပြည် နယ်နေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။
2017-01-10
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ ဟာ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်က ခရစ်ယာန် နှစ်ခြင်းအသင်းတော်နဲ့ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်း တချို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
2017-01-10
အစားအသောက်ဥပဒေ၊ ဆေးပစ္စည်း ဥပဒေ၊ အလှကုန်ဥပဒေ၊ အရည်အသွေး စစ်ဆေးတဲ့ ဓာတ်ခွဲခန်းဥပဒေတို့ကို လာမယ့် ဇွန်လအတွင်း အပြီးရေး ဆွဲနေကြောင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် က ပြောပါတယ်။
2017-01-10
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၃ရက်ကြာ သွားရောက်မယ့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ဦးဆောင် တဲ့ မြန်မာအထူးသံတမန်အဖွဲ့ဟာ ဒီနေ့ညနေမှာ ခရီးစဉ်ကို စတင်လိုက်ပါတယ်။
2017-01-10
မော်တော်ယာဉ်မောင်းနှင်စဉ် ထိုင်ခုံခါးပတ်ပတ်ဖို့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ယာဉ်မောင်း ၆၃၀ ကျော်ကို မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူထားပါတယ်။
2017-01-10
မကွေးတိုင်းအတွင်းက အရပ်ဘက်အဖွဲ့အစည်းတွေ ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မကွေးမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။
2017-01-09
မြန်မာနိုင်ငံဟာ IS လို့ခေါ်တဲ့ အစ္စလာမ္မာစ်နိုင်ငံတော်ထူထောင်ရေး အကြမ်းဖက်အဖွဲ့ရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ မလေးရှားအစိုးရက သတိပေးပြောကြားလိုက်ချိန်မှာပဲ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။
2017-01-09
မြန်မာပြည်တွင်းမရပ်မနား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးရသူ ဒုက္ခသည်တွေ တနေ့တခြား ပိုများလာနေပြီး၊ မြန်မာပြည်မြောက်ပိုင်းက အခြေအနေဟာ NLD အစိုးရကို စိမ်ခေါ်နေတာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
2017-01-09
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရဖို့ဟာ အဓိကကျတယ်ဆိုပေမယ့် တိုက်ပွဲသံတွေ ရှိနေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေး လာနိုင်စရာတွေ ကြုံရနိုင်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2017-01-09
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရင်က ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုများတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ မှာ နိုင်ငံခြားသားဧည့်သည်လာရောက်မှု လျော့ကျလာတဲ့အတွက် ခရီးသွားလုပ်ငန်းအပေါ်မှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဟိုတယ်လုပ်ငန်း လုပ်ကိုင် သူတွေက ပြောပါတယ်။
2017-01-09
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကြီး မီးလောင်မှု တစ်နှစ်ပြည့်အနေနဲ့ ဈေးသူ ဈေးသား ၂၀၀ နီးပါးက မင်္ဂလာဈေးကြီးကို အသစ်ပြန်လည်တည်ဆောက်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။