ဥပဒေ လေးခုကို FDA ရေးဆွဲ


2017.01.10
fda-620.jpg နေပြည်တော်မှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo: Win Naung Toe/RFA

အစားအသောက်ဥပဒေ၊ ဆေးပစ္စည်းဥပဒေ၊ အလှကုန်ဥပဒေ၊ အရည်အသွေးစစ်ဆေးတဲ့ ဓာတ်ခွဲခန်းဥပဒေတို့ကို လာမယ့် ဇွန်လအတွင်း အပြီးရေးဆွဲနေကြောင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွဋ် က ပြောပါတယ်။

နေပြည်တော် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် က ပြောတာဖြစ်ပါတယ်။

"ဥပဒေပညာရပ်တွေ၊ နိုင်ငံတကာပညာရှင်တွေ ပေါင်းပြီးကျနော်တို့ဆွဲထားတယ်၊ ကျနော်တို့ဥပဒေဘယ်လောက်ခိုင်မာလဲဆိုတာကတော့ ကျနော်တို့ကမ္ဘာရော၊ မြန်မာရောသိအောင် ကျနော်တို့လုပ်နေပါတယ်"

ဒါ့အပြင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဆေးဝါးဓာတုဓာတ်ခွဲခန်းဟာ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့အတွက် အစားအသောက်၊ ဆေးဝါးနဲ့ အလှကုန်ပစ္စည်းတွေကို အရည်အသွေးစစ်ဆေးမှုတွေကို တိတိကျကျ စစ်ဆေးနိုင်တော့မှာ ဖြစ်ကြောင်းလည်း ဒေါက်တာသန်းထွဋ် က ပြောပါတယ်။

နေပြည်တော်မှာရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါးဓာတုဓာတ်ခွဲခန်းကို အခု လို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိတာ ပထမဆုံးဖြစ်ပြီး အရှေ့တောင်အာရှမှာရှိတဲ့ ဓာတ်ခွဲခန်းတွေထဲ မှာ အမေရိကန်အခြေစိုက် American National Accreditation Body Accreditation Body ANAB ရဲ့ ပထမဆုံးအသိအမှတ်ပြု ဓာတ်ခွဲခန်းလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။