စားသုံးသူတွေရဲ့ တိုင်ကြားမှုကို လက်ခံဆောင်ရွက်ရေးစင်တာတွေ ဖွင့်လှစ်ထား


2017.06.28
cicc-620.jpg စားသုံးသူ သတင်းပြန်ကြားရေးနဲ့ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ကို မန္တလေးမြို့တွင် ဖွင့်လှစ်နေစဉ်
Photo: CICC (Mandalay) Facebook

စားသုံးသူတွေရဲ့ ထိခိုက်နစ်နာတာတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ စားသုံးသူ သတင်းပြန်ကြားရေးနဲ့ တိုင် ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာတွေကို တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေအပြင် ခရိုင်ရုံးတွေပါ ဆက်လက်ဖွင့် လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးအောင် က ပြောပါ တယ်။

စားသုံးသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေ စားသုံးသူအကျိုးစီးပွားနစ်နာမှုတွေကို  တိုင်ကြားနိုင်ဖို့ စင် တာတွေကို တိုင်းနဲ့ပြည်နယ်တွေမှာဖွင့်လှစ်ခဲ့ပြီး ခရိုင် ၅၆ ခုမှာ ဆက်ပြီး ဖွင့်လှစ်သွားမယ်လို့ ဦးစိုးအောင်က ပြော ပါတယ်။

"စားသုံးသူတွေက ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို အခွင့်အရေးချိုးဖောက်ခံရရင် ဥပမာဆိုရင် အင်ဖော်မေး ရှင်းမသိရဘူး၊နောက်တစ်ခုက ရွေးချယ်ခွင့်မရှိဘူးဆိုရင် ဒါအခွင့်အရေးချိုးဖောက်ခံရတဲ့ဟာတွေပါ။နောက် တစ်ခုက ရုပ်ပိုင်းဆိုင်ရာမှာ ကိုယ့်ကျန်းမာရေးထိခိုက်သွားတာမျိုး ဒါမှမဟုတ်ရင် ကိုယ့်ပစ္စည်းပျက်စီးသွား တာမျိုး ဒါတွေက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပါတယ်၊နောက်ဆုံးကတော့ ဝန်ဆောင်မှုတွေနဲ့ပတ်သက် ရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုလည်းတိုင်ကြားလို့ရပါတယ်"

စားသုံးသူတွေအနေနဲ့ နစ်နာထိခိုက်တဲ့အကြောင်းတွေကို သက်သေအထောက်အထားတွေနဲ့ တိုင်ကြားနိုင်ပြီး စင် တာအနေနဲ့ ဖြေရှင်းဆောင်ရွက်နေတာတွေကို တိုင်ကြားသူထံ ၄၈ နာရီအတွင်းမှာ အကြောင်းပြန်ပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။

စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ ဖေ့ဘုတ်လူမှုကွန်ယက်မှာလည်း Consumer Information and Complaint Center - CICC -(Nay Pyi Taw)ဆိုတဲ့ ပေ့ချ်တစ်ခုကို ဖွင့်လှစ်ထားပြီး တိုင်းနဲ့ပြည်နယ်အလိုက် ဖွင့်လှစ်ထားတဲ့ စင်တာတွေကို ဆက်သွယ်တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။