အစိုးရသစ်နဲ့ စစ်ဘေးရှောင်ဒုက္ခသည် ပြဿနာ
2017.01.09
မြန်မာပြည်တွင်းမရပ်မနား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးရသူ ဒုက္ခသည်တွေ တနေ့တခြား ပိုများလာနေပြီး၊ မြန်မာပြည်မြောက်ပိုင်းက အခြေအနေဟာ NLD အစိုးရကို စိမ်ခေါ်နေတာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ အထူးသဖြင့် ပြည်သူရွေးချယ်လိုက်တဲ့ အစိုးရလက်ထက်မှာ ဒီပြဿနာကို အဖြေမရှာနိုင်ခြင်းဟာ အစိုးရရဲ့သိက္ခာကို ကျဆင်းစေတယ်လို့ဆိုပါတယ်။ ဦးတင်အောင်ခိုင် က ဆက်လက်တင်ပြပါမယ်။