မြန်မာအထူးသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ် စတင်


2017.01.10
kyawtin-620.jpeg ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားမယ့် မြန်မာအထူးသံတမန်အဖွဲ့ရဲ့ ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ကို တွေ့ရစဉ်
Photo: MRTV

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၃ရက်ကြာ သွားရောက်မယ့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ဦးဆောင်တဲ့ မြန်မာအထူးသံတမန်အဖွဲ့ဟာ ဒီနေ့ညနေမှာ ခရီးစဉ်ကို စတင်လိုက်ပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေးကိစ္စတွေ၊ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကိစ္စတွေကို ဆွေးနွေး သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုး က ပြောပါတယ်။

"ဒီနေ့ကနေ ၁၃ ရက်နေ့အထိပေါ့ ခရီးစဉ်က၊ ဘင်္ဂလားဒေ့ရှ်နဲ့ အစ်မတို့နိုင်ငံကြားမှာက ၂ နိုင်ငံ ဆက်ဆံရေးကိစ္စတွေ သွားပြီးတော့ ဆွေးနွေးမလို့ပါပဲ၊ များသောအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အစ်မ တို့ကြားမှာက ရှိနေတာတွေက အခုလိုဆိုလု့ိရှိရင် ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ ဒီဘက်ကိုပြန်ပို့ဖို့ ခုမှဖြစ်တဲ့ဟာတွေ မဟုတ်ဘူး၊ ဟိုးတည်းက လူဦးရေတွေ ဟိုဘက်မှာ ကျန်ခဲ့သေး တယ်လို့ပြောတယ်၊ ဒီဘက်ကိုပြန်လာနိုင်ဖို့ စိစစ်တာတို့၊ နောက်ပြီးတော့ ၂ နိုင်ငံပူးတွဲ လုပ်တာ မှန်သမျှအကုန်လုံး ဒီအချိန်မှာ ပြန်ပြီးတော့ အခြေအနေ ဘယ်လိုရှိလဲ စသဖြင့်ဆွေးနွေးမှာပါ။"

ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ စုစုပေါင်း ၅ သောင်း ပတ်ဝန်းကျင်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၃ သိန်း ကို ပြန်လည်လက်ခံပေးဖို့လည်း မြန်မာနိုင်ငံဘက်ကို တောင်းဆိုထားပါတယ်။

ဒီခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဒုတိယဝန်ကြီးက ဦးဆောင်သွားတာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။