အထူးသံအဖွဲ့ ဘင်္ဂလားဒေ့ရ်ှသွားမည်


2017.01.05
myanmar-bangladesh-flag-620.jpg မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အလံကိုတွေ့ရစဉ်
.

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်တဲ့ အထူးသံတမန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီဇန်နဝါရီလ အတွင်း သွားရောက်ဖို့ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ဒီလအတွင်း သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဆိုတာတော့ အထူးသံတမန်အနေနဲ့ သွားဖို့ပါခင်ဗျ၊ ဒီလထဲ ဖြစ်ဖို့များပါတယ်၊ သူတို့ဆီက ဝန်ကြီးချုပ်တို့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ အိမ်ရှင်ဘက်ကအဆင်ပြေမယ့်အချိန်ပေါ့၊ ကျနော်တို့ ညှိပြီးတော့ စီစဉ်သွားမှာပါ၊ အနေအထားကတော့ နိုင်ငံခြားရေးဒုဝန်ကြီးက ဦးဆောင်ဖို့ များပါတယ်၊ အများကြီးတော့ မဟုတ်ပါဘူး၊ ဒီ Team လေးကတော့ ၃ ယောက် ၄ ယောက် ဒီလောက်တော့ ဖြစ်မှာပေါ့၊ ဒီအချိန်မှာတော့ ဘယ်နှစ်ဦး ပြောဖို့ကတော့ ခက်ပါတယ်ခင်ဗျ။ "

ရက်အတိအကျကိုတော့ မသိရှိရသေးသလို အထူးသံတမန်အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း သွားရောက်ဖို့စီစဉ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ရွှေ့ခဲ့ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘယ်လိုအရေးကိစ္စတွေကို ဆွေးနွေးသွားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာသူ အများအပြားရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။