ထိုင်ခုံခါးပတ် မပတ်တဲ့ ယာဉ်မောင်း ၆၃၀ ကျော်ကို အရေးယူ


2017.01.10
seatbelt-620.jpg ထိုင်ခုံခါးပတ် ပတ်ဖို့ ကားမောင်းသမားတစ်ဦးကို ယာဉ်ထိန်းရဲက ပညာပေးပြောကြားနေစဉ်
Photo: Aung Thain Kha/RFA

မော်တော်ယာဉ်မောင်းနှင်စဉ် ထိုင်ခုံခါးပတ်ပတ်ဖို့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ယာဉ်မောင်း ၆၃၀ ကျော် ကို မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ၈ ရက်နေ့အထိ အရေးယူဆောင်ရွက်ထားတဲ့ အခြေအနေဖြစ်ပြီး တစ်ချို့ကားတွေမှာ ထိုင်ခုံခါးပတ်မပါတာမျိုးရှိနေတယ်လို့ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးဝင်းမြင့် က ပြောပါတယ်။

"လူတိုင်းလည်း ကျယ်ကျယ်ပြန့်ပြန့်သိပ်မသိသေးဘူး၊ ပညာပေးကာလ လုပ်တော့လုပ်ထားတာပဲ၊ တချို့ကားတွေဆို ခါးပါတ်မပါတာမျိုးတွေရှိတယ်၊ ဒိုင်နာတွေဆိုတာ ကုန်တင်တဲ့ကားတွေကို လူစီးကားတွေ လုပ်ထားတာလေ"

ရန်ကုန်တိုင်းဒေသကြီးမှာ ၄၆၂ မှု၊ မန္တလေးတိုင်းဒေသကြီးမှာ ၆၁ မှု၊ ဧရာဝတီတိုင်းဒေသကြီးမှာ အမှု ၅ဝ နဲ့ မွန်ပြည်နယ်မှာ အမှုပေါင်း ၄၀ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခါးပတ် ပတ်ခြင်းမရှိတဲ့ ယာဉ်မောင်းတွေကို ဇန်နဝါရီ ၁ ရက်နေ့ကစတင်ပြီး ငွေကျပ် ၃ သောင်းထက်မပိုတဲ့ ဒဏ်ငွေချမှတ်ကာ အရေးယူဆောင်ရွက်နေတာဖြစ်ပြီး အိမ်စီးကားတွေအပြင် မြို့တွင်းဘတ်စ်ကား၊ အဝေးပြေးကားတွေနဲ့ ကုန်တင်ကားတွေကိုပါ ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။